Part 15

11.9K 559 5
                                    

ချစ်ရပါတယ် မနှင်းဆီ
Part 15

"ကျေးဇူး အမရာ
တို့သူ့ကို တော်တော်စိတ်ရှုပ်နေတာ
သူရှယ်ယာဝင်မဲ့ကိစ္စ ချောနဲ့တိုင်ပင်ဦးမှပါလေ သူသာရှယ်ယာထည့်ခဲ့ရင် တို့တော်တော်စိတ်ရှုပ်ရမယ်ထင်တယ်"

(မထည့်ခိုင်းပါနဲ့မနှင်းဆီရယ်)
အမရာ့အတွေးထဲတော့ ဒီလူကိုကိုင်ပေါက်ချင်ခဲ့သည်
အမရာက ဂျူဒိုမှာလဲ ဆုရဖူးသူတစ်ယောက်မို့
ကိုင်သာပေါက်ချင်စိတ်သာရှိနေခဲ့သည်

နှင်းဆီ အမရာ့ကိုကြည့်ပြီး တစ်ခုခုတွေးနေမိသည်
နွေမပြန်ခင်က နှင်းဆီ နွေဆိုတဲ့ကလေးမနဲ့ စကားတွေအများကြီး ပြောဖြစ်ခဲ့သည်လေ နှင်းဆီသိချင်တဲ့ အမရာမောင်ရဲ့အကြောင်းတွေပေါ့

"နွေ တို့နဲ့ခနစကားပြောရအောင်
တို့သိချင်တာ​လေးတွေရှိလို့ မေးချင်တယ်"

"ပြောပါ အစ်မ"

"အမရာက ကျောင်းပြီးသွားခဲ့လား"
နွေက နှင်းဆီကိုအံ့သြသလိုကြည့်နေခဲ့သည်

"ကျောင်းပြီးခဲ့ပါတယ် မမ
ဘွဲ့ယူဖို့ပဲကျန်တာ"

"တို့ကို သူနဲ့ပတ်သတ်တာတွေ ပြောပြပါလား အကုန်ပေါ့
သူ့မေမေနဲ့ကတိတွေပေးထားတာကအစ အကုန်ပြောပြ"

နွေက ပိုလို့အံ့သြရသည်
မနှင်းဆီက သူမသူငယ်ချင်းအကြောင်းသိချင်သည်တဲ့လေ

"အရင်ဆုံး တစ်ခုမေးလို့ရမလား မမ "

"မေးပါ"

"မောင့်ကို ချစ်လား"

"ထင်ပါတယ် ဒီမေးခွန်းမေးမယ်ဆိုတာ
အမရာ့သူငယ်ချင်းလို့ မပြောရဘူး
တို့သူ့ကို စတွေ့တုန်းက ညီမလေးတစ်ယောက်လို တီတီတာတာလေးမို့ ချစ်တယ် အခုတော့..."

"အခုရော... "

"အခု သူ့ကို... သူ့ကို တို့မချစ်သင့်ဘူးထင်တယ်
သူက တို့မုန်းတဲ့သူဖြစ်ရမှာ မချစ်ရဘူး
ဟင့်အင်း မချစ်ဘူး နွေ"

"နှလုံးသားကို ပိတ်ထားတဲ့တံခါးက
ဘာအ​ကြောင်းအရင်းကြောင့်များလဲ မမ
ကိုယ့်နှလုံးသားကိုယ်သိရက်နဲ့ ဘာလို့ ညာနေရတာလဲ
တစ်ချိန်ကျရင် နောင်တရစရာ ဖြစ်လာလိမ့်မယ် ​
နွေ ထင်တယ်
ဘာကြောင့်လဲ မသိပေမဲ့ နွေတစ်ခုတော့ပြောပြမယ်
တစ်နှစ်ပြည့်လို့ဒီခြံကနေ မနှင်းဆီဆိုတဲ့အမျိုးသမီးရဲ့လက်ကိုတွဲပြီး ထွက်မလာနိုင်ခဲ့ဘူးဆိုရင် ..."

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now