Part 50 End

19.2K 594 40
                                    

အမရာ ထိုလူကိုမြင်ခဲ့သလို အမရာ့အနားမှာအသင့်ရှိ​နေ​ကြတဲ့ အမရာ့တပည့်တွေကလည်းမြင်ခဲ့ကြသည်

~Boss
"ဟေ့​ကောင်တွေ ဟိုကောင်ဓားထုတ်လိုက်ပြီ
အမြန်လိုက်"

ဗညားမြင်ပြီး အမှီလိုက်ပေမဲ့လည်း ထိုလူကလက်ဦးသွားလေသည် နှင်းဆီကိုကာကွယ်ရင်း ထိုဓားက အမရာ့ခါးစောင်းထဲဝင်သွားခဲ့သည်

"မောင်"

အမရာခွေကျလုနီးနီးမှာ ဗညားရောက်လာပြီး

"မမလေး Boss ကိုဆေးရုံပို့မှဖြစ်မယ်"

နှင်းဆီ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ
ဘယ်သူ့ကိုယုံကြည်ရမယ်မသိ

"ကျွန်တော် Boss ရဲ့တပည့် ဗညားပါ
နေလင်းဆိုတဲ့လူလုပ်ခိုင်းလိုက်တာ
ဒါတွေနောက်မှပြောပါ ဆေးရုံအမြန်သွားမယ်"

ဗညားဆိုတာ အမရာတစ်ခါcontact name လေးပြဖူးတာမို့ နှင်းဆီသိသွားလေသည်

"မောင့် လူယုံဆိုတာ"

ဗညားက နှင်းဆီပတ်ထားတဲ့ပဝါလေးကိုတောင်းလိုက်ပြီး
အမရာ့ခါးကိုအရင်စည်းပေးသည် နောက် အမရာ့ကိုမချီကာ ကားရှိရာကိုသွားပြီး ဆေးရုံကို အမြန်ဆုံးပို့ကြသည်

~~~~

နှင်းဆီအတွက်တော့ ခွဲခန်းရှေ့မှာ အမရာခွဲစိတ်တာကို ထိုင်စောင့်ရသည်မှာ ဒုတိယအကြိမ်ဖြစ်ခဲ့လေပြီ

"နှင်းဆီ မောင့်ကိုအခုလိုဖြစ်အောင်လုပ်တာ နေလင်းလား"

ချောရဲ့အမေးကို နှင်းဆီအာရုံမရသေး ဗညားကပဲ

"နေလင်းခိုင်းတာမှန်ပေမဲ့ Boss ကိုဓားနဲ့ထိုးခိုင်းတာမဟုတ်ဘူး
နေလင်းက မမလေးနှင်းဆီကို ဓားနဲ့ထိုးခိုင်းတာပါ"

ထို စကားကိုကြားတော့ နှင်းဆီခေါင်းထောင်လာသည်

"ကျွန်မကို ဟုတ်လား ကိုဗညား"

ဗညားခေါင်းငြိမ့်ပြတော့ နှင်းဆီမြင်ကွင်းထဲ အမရာစိုးရိမ်တကြီးနဲ့သူမဆီကိုပြေးလာတာကို ပြန်မြင်ယောင်လာသည်

နှင်းဆီမျက်ရည်ကျလာပြီး
"မောင်က တို့အစား အဲ့ဓားကိုဝင်ခံလိုက်တာ ချောရဲ့"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now