Part 48

14.2K 573 9
                                    

"မောင့်ကို ကောင်းစေချင်လို့လေ
မောင်တို့ကိုဘယ်လောက်ထိချစ်တယ်ဆိုတာသိတယ်
အဲ့ချစ်တဲ့စိတ်ကြောင့် တို့ထားသွားမယ်ဆိုရင်
မောင်သာထားသွားမှာကို ကြောက်တယ်ဆိုရင်
ဒီလိုဆိုးရွာတဲ့လုပ်ရပ်တွေ မလုပ်လောက်တော့ဘူးလို့တို့တွေးခဲ့တာ မောင်ရဲ့
လူယုတ်မာတွေကို ယုတ်မာတဲ့နည်းနဲ့ဖြေရှင်းရင်
မောင်ကရော သူတို့နဲ့တူမနေဘူးလား"

"ဟုတ်ပါပြီ အခုမောင်ပြောထားတယ်လေ
မောင့်မေ​မေကိုသာ တောင်းပန်ရင် ခွင့်လွှတ်ပေးမယ်
ဒီလိုတွေဆက်မလုပ်ပဲ သူတို့ဆုံးရှုံးတာတွေပြန်ပေးမယ်ပြောထားတယ်လေ"

"တို့ ပြောထားပြီးသားပါ
အကယ်၍ သူတို့သာ မောင့်ကိုမတောင်းပန်ဘူး
မေမေ့ကို မတောင်းပန်ဘူးဆို မောင်ကြိုက်သလိုလုပ်"

"ခနလေး ခနလေး
သူတို့ဘာလုပ်ခဲ့လဲဆိုတာရော တကယ်သိပြီးပြီလား"

နှင်းဆီကို ဦးကျော်သီဟနဲ့နေလင်းရှင်းပြတဲ့အတိုင်း

"လိမ်ပြောမိလို့ အမောဖောက်ရတာနဲ့
ဆေးရုံမပို့မိလို့တဲ့ သူတို့ဝန်ခံတယ်"

အမရာ ခေါင်းခါရင်း
"မပြည့်စုံသေးဘူး"

အမရာ နွေးရည်ကိုဖုန်းခေါ်လိုက်ပြီး

~ နွေးရည်...မနက်ဖြန်ကျရင် အိမ်ကိုလာပြီး နွေးရည်ရဲ့မမကို CCTV မှတ်တမ်းတွေအကုန်ပြပေးလိုက် ပထမ CCTV ရော
ထပ်ရှာတွေ့ထားတဲ့ CCTV ရော အကုန်ပြလိုက်နော်

CCTV ဆိုတော့ နှင်းဆီကြောင်ကြည့်နေသည်

"CCTV က..."

အမရာ ဆေးလိပ်ကို မီးညှိကာထပ်ဖွာသေးသည်

"မောင်က အလကားစွပ်စွဲပြီး
အလကား ဒီလူတွေကို ဒုက္ခပေးနေတယ်ထင်တာလား
သက်သေနဲ့အလုပ်လုပ်တာ
နွေးရည်လာတော့ ကြည့်ကြည့်ပေါ့"

"နွေးရည်လာရင်ကြည့်ပါမယ်
ဆေးလိပ်က ...
မောင်ရယ် တော်သင့်ပြီလားလို့"

နှင်းဆီကို လွှတ်လပ်ပိုင်ခွင်လို့ပြောကာ ပြောပိုင်ခွင့်ပိတ်ပြီး ဆေးလိပ်ကလေးတမျှမျှသောက်နေတဲ့အမရာ့ကို နှင်းဆီမတားနိုင်တော့ပေ

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now