"ဆေးဝယ်ခိုင်းလိုက်တာလား မောင်"
"ဟုတ်တယ် မမ"
နှင်းဆီက အားနာသည်ထင်သည် ချက်ချင်းကိုပင်"ဆေးဖိုး မမပေးမယ်နော်"
"တစ်စိမ်းဆန်တဲ့စကားတွေ မပြောပါနဲ့ မမရယ်
ဆေးကနည်းနည်းလေးပါ မောင့်အတွက်အပမ်းမကြီးပါဘူးနော် ""ဒါနဲ့ မောင်က ဆေးဘက်မှာကျွမ်းကျင်တာလား"
မေးမှ မေးပါ့မလားတွေးနေခဲ့သည့်မေးခွန်း အမရာက ဆရာဝန်လောင်းတစ်ယောက်ပါလို့ သူမကိုဂုဏ်ယူစွာဖြေချင်ခဲ့သည်လေ
"ကျွမ်းမှာပေါ့ မောင်က.."
"မမလေး ဖုန်းလာနေတယ်"
မိန်းကလေးတစ်ယောက်ဖုန်းကိုင်ပြီး ထွက်လာတာမို့ အမရာပြောချင်သည့်စကားစ ပြတ်သွညးရပြန်သည်
(ကောင်းပြီဆို ဖြတ်ပြီ)"ပေး စန္ဒီ ဖုန်းပေး"
သူမပြောနေတာလေးငြိမ်ပြီး နားထောင်နေမိသည် အလုပ်ကိစ္စများပြောနေခြင်းဖြစ်သည်
ခြံအကြောင်း ပစ္စည်းချမည့်အကြောင်း စုံလိုပင်အလုပ်ကိစ္စပြောနေတော့လဲ တည်ကြည်လှသည်
(ခက်ပါပြီ
အခုလိုလေးလဲ ချစ်ဖို့ကောင်းနေတာပဲ)"လူလေးဆေးရပြီ"
ထိုအိမ်မှ ယာဥ်မောင်းဦးလေးကြီးက ဆေးဝယ်ပြီးလာပေးသည်
အမရာဆေးထုတ်ကိုယူလိုက်ပြီး နှင်းဆီခြေထောက်နားပြန်ထိုင်လိုက်တော့ နှင်းဆီဖုန်းပြောနေရင်း တုံ့ကနဲဖြစ်သွားသည်အမရာ့ကို ဆေးအတင်းထိုးမဲ့ ဆရာဝန်ဆိုးဆိုးတစ်ယောက်လို အကြည့်နဲ့ ကြည့်နေသည်သာ
အမရာတို့ ဆေးကျောင်းသားတိုင်း လေ့လာရတဲ့ဘာသာရပ်တွေထဲမှာ ဘာသာရပ်နှစ်မျိုးကို အစွမ်းကုန်ကျွမ်းကျင်ကြသည်
အဲ့တာတွေက...
မျက်နှာရိပ် မျက်နှာကဲ(Facial Expression) နဲ့ အပြုအမူ(Behaviour) ဖတ်တာဆိုတဲ့ ဒီနှစ်ခုကို အဓိကကျွမ်းကျင်ကြသည်အမရာ့ရှေ့က ဒီလူနာလှလှလေးက အမရာ့ကို ကလေးတစ်ယောက်လို အကူအညီတောင်းသည့်ပုံနဲ့ကြည့်နေသည်
အမရာ ခြေကျင်းဝတ်ကို လိမ်ဆေးအေးအေးလေး စိမ့်ဝင်နေအောင်လိမ်းပေးသည်
ဖုန်းချသွားသော်လည်း သူမကတော့အမရာ့ကို ငြိမ်၍သာကြည့်နေသည်
YOU ARE READING
ချစ််ရပါတယ် မနှင်းဆီ
Romanceမနှင်းဆီရေ မိုက်မဲလွန်းတဲ့ အမရာ က ဆူးတွေပြည့်နေတဲ့ မနှင်းဆီကိုမှ နှလုံးသားထဲ ထည့်ချစ်မိသည်တဲ့လေ ဆူးတွေ ဆူးနေပါစေ ချစ်မြတ်နိုးမိနေသည်လေ