Part 43

12.2K 549 13
                                    


မနက်စောစော ပျားတစ်ကောင်သောင်းကြမ်းထားတော့
မနှင်းဆီတစ်ယောက် နှုတ်ခမ်း​လေးစူပုပ်ပုပ်ဖြစ်နေလေပြီ

"မောင်​နော် မောင်
အပြင်သွားမယ်ဆိုတာကို
လူကို ရေပြန်ချိုးရအောင်လုပ်တယ်"

နှင်းဆီ ကားမောင်းနေတဲ့အမရာ့ကို ဆူဟောက်နေပြန်သည်
အမရာလဲ ကားမောင်းရင်း သူမ စားလိုက်တဲ့ မနက်စာလေးအတွက် ​ဖြေရှင်းချက်​ပေးရသေးသည်

"မနှင်းဆီနဲ့ပတ်သတ်ရင် မောင်မထိန်းချုပ်နိုင်ဘူးလေ
ဘာလဲ တူတူရှိတဲ့အချိန်ကို မောင့်ကိုအလိုမလိုက်ချင်ဘူးလား"

"အလိုမလိုက်တာ မဟုတ်ဖူးလေမောင်ရယ်
အခုကြည့် နောက်ကျပြီမှတ်လား"

"နောက်မကျပါဘူး
မောင် ငယ့်ကိုပြောထားပါတယ် "

စိတ်ကောက်နေသည့်နှင်းဆီ အမရာ့နှုတ်မှ လမင်းငယ်ကို ငယ်လို့ဆိုလာတော့ စူပုပ်ပုပ်ကနေဒေါသအိုးလေးအဖြစ်ပြောင်းလဲသွားသည်

အူတိုလေးအော်လေပြီ

"ဘာပြောတယ်... ဘာပြောလိုက်တယ်
အမရာမောင်!
အဲ့ကလေးမကို ငယ်လို့မခေါ်နဲ့လို့ပြောထားတာကို"

"sorry.. sorryပါ မနှင်းဆီရယ်
စိတ်ထဲက လမင်းငယ်...လို့ခေါ်လိုက်တာပါ
မောင်အကျင့်ပါသွားလို့ပါ အဲ့လိုထွက်သွားတာ
နောက်မဖြစ်စေရဘူးနော်"

နှုတ်ခမ်းကိုက်ကာ မျက်စောင်းပစ်ထိုးနေတဲ့နှင်းဆီ စိတ်မပြေနိုင်သေးပါလေ

"မနှင်းဆီရယ်....
ငယ်လို့​ခေါ်မိတာ အပြစ်ရှိလို့လား"

"အမရာမောင် ရှင်ကမသိတာလား
မသိချင်ယောင်ဆောင်နေတာလား
သမီးရည်းစားအခေါ်အဝေါ်ထဲမှာ ငယ် ဆိုတဲ့အသုံးအနှုန်းပါတယ်လေ"

"ဟုတ်လား မောင်က မသိဘူးလေ"

နှင်းဆီ ကားမောင်းနေတဲ့အမရာ့ဘက်ကိုလှည့်ပြီး

"ရှင်းပြမယ် သေချာနားထောင်
မိန်းကလေးတွေက ကိုကိုတို့ မောင်တို့ခေါ်သလို
ယောက်ျားလေးဘက်ကလဲ မတို့ ငယ်တို့ သဲငယ်တို့ ခေါ်တယ်သိပြီလား
အဲ့လို တငယ်ငယ်..နဲ့ခေါ်နေရင် ပတ်ဝန်းကျင်က
မောင်နဲ့အဲ့မိန်းကလေးကို တစ်မျိုးတွေးနေကြမှာပေါ့
ပြီးတော့ အမြဲကြည့်လိုက်တိုင်း အဲ့ကလေးမကမောင့်ကိုဆို ကပ်နေတာပဲ"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now