Part 22

12.5K 581 17
                                    

သူမလက်ကိုကိုင်ထားရင်း...နှင်းဆီ တွေးနေသည်က

(မောင့်ကို အဲ့အိမ်မှာထားလို့မဖြစ်တော့ဘူး
ညဘက်တစ်ခုခုဖြစ်နေလို့ မသိလိုက်ရင်..)

"အိမ်ရောက်တော့မယ်....မနှင်းဆီရဲ့
ဘာတွေများဒီလောက်တောင် တွေးနေရတာလဲ"

အမရာ နှင်းဆီလက်ကို အသာညှစ်ပြီးပြောလိုက်ခြင်းပါ
သူမအတွေးလွန်ရာကနေ လန့်သွားတာမျိုးမဖြစ်စေချင်

"မောင် အိမ်လေးမှာမနေတော့နဲ့"

"ဘာလို့လဲ မနှင်းဆီရဲ့
မောင်က အဆင်ပြေပါတယ်"

"မရပါဘူး အိမ်မှာပဲလာနေလိုက်ပါ ...
တို့ဘေးကအခန်းမှာပဲ လာနေလှည့်
စိတ်မချဘူး"

တကယ်စိတ်မချသည့်ဟန်ပါ မျက်နှာငယ်လေးနဲ့ပြောလာသည့်မနှင်းဆီ သူမမြွေကြီးပိုများမျက်လုံးထဲ ပြေးမြင်နေသည်လား

"ဘာစိတ်မချစရာရှိလို့တုန်း မနှင်းဆီရဲ့
အိမ်ထဲကို မဝင်ပါဘူး​ ပြီး​တော့.. မြွေကလဲသေသွားပြီပဲကို"

"မရပါဘူး အိမ်ရှေ့က သံဇကာတွေနဲ့လေ ဝင်နိုင်တာပေါ့
ပြီးတော့ မြွေကတစ်ကောင်ထဲ မဟုတ်ပဲ အဖော်နဲ့ဆိုရင်ရော"

ထိုသို့ပြောနေတဲ့ မနှင်းဆီကို အမရာပြုံးပြုံးကြီးကြည့်နေမိသည်
သူမရဲ့အတွေးလေးကို ချစ်လို့လေ
အမရာ့ကို စိတ်ပူတာနဲ့ပဲ မြွေကိုတောင်အဖော်နဲ့လို့ ​မနှင်းဆီတွေးနေသည်

"စန္ဒီ ..နင့်မမောင်ရဲ့ပစ္စည်းတွေ
မမဘေးက အခန်းထဲအကုန်ရွှေ့ပေးလိုက်"

"ဟုတ်မမလေး"
အမရာတော့မသိ ကားခေါင်းခန်းက စန္ဒီကတော့ ပျော်နေပုံပါပဲ
ကားကအိမ်ရှေ့ကိုရောက်တော့ ရပ်တန့်သွားသည်

"ခနလေး မဆင်းနဲ့ဦးနော်
မောင်လာခေါ်မယ်"

အမရာ ကားပေါ်ကအမြန်ဆင်းပြီး သူမဘေးတံခါးလေးဖွင့်ပေးသည် ဆင်းဖို့လမ်းလျောက်ဖို့ တွဲထားပေးသည်
ချစ်သူလေးအတွက် ပြာလို့နေသည်

"ဖြေးဖြေးဆင်းနော် ခြေထောက်က နာနေသေးလား
မောင်ချီသွားရမလား"
အမရာ သူမခွဲလိုက်တဲ့ ဒဏ်ရာကိုဆိုလိုခြင်းပါ မြွေပေါက်လိုက်သည့်က နာတော့မည်မဟုတ် သူမသိသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now