extra one

11K 496 13
                                    

Honeymoon အတွက်ကတော့ နှင်းဆီရဲ့စိတ်သဘောအရ တိမ်ပင်လယ်ရှိရာ နောင်ချို ကိုပေါ့

"မောင့်မင်းသမီးလေးအဆင်သင့်ဖြစ်ပြီလား
အဆင်သင့်ဖြစ်ရင် မောင်တို့သွားရအောင်လေ
လမ်းမှာ ဟိုကောင်တွေလဲစောင့်နေကြတော့မယ်"

နှင်းဆီ ဖိနပ်လေးစီးကာ အိမ်ရှေ့ကားရှိရာကိုထွက်လာပြီး
"အဆင်သင့်ဖြစ်ပါပြီရှင့်"

ပျားရည်စမ်းခရီးဆိုသော်လည်း အမရာ့သူငယ်ချင်းတစ်သိုက်ရော နန်းနဲ့ချောတို့ကပါ အားလုံးတစ်ပျော်ကြီးသွားချင်တယ်ဆိုလာတော့ အမရာနဲ့နှင်းဆီကခွင့်ပြုလိုက်ပြီး သူငယ်ချင်းတွေအားလုံးစုံစီကာသွားဖြစ်ကြသည်။

အမရာတို့ ဇနီးမောင်နှံက ကားတစ်စီး ချောနဲ့နန်းတို့ကတစ်စီး အိမ်အိမ်နဲ့ နွေတို့စုံတွဲက တစ်စီးမို့ ကားသုံးစီးနဲ့ထွက်လာခဲ့ကြသည်။ တောင်ပေါ်ရောက်တော့လဲ အားလုံးရဲ့ဆန္ဒနဲ့ပဲ အထုတ်တွေကိုကားထဲမှာပဲထားကာ လိုအပ်တာအနည်းငယ်ယူပြီး တန့်များနဲ့သာနေဖြစ်ကြသည်။ FA အိမ်အိမ်ကလွဲလို့ ကျန်အတွဲတွေက တန့်တစ်လုံးစီနဲ့ပင်။

အမရာ ပူပူနွေးနွေးဇနီးလေးကို ကြည့်ပြီး
"မနှင်းဆီရယ် နွေးနွေးထွေးထွေးဝတ်ပါလား
ဒီရာသီဥတုနဲ့ မြန်မာဝတ်စုံနဲ့တော့ မနွေးထွေးဘူးနော်"

"ကဲ အဲ့လိုဆို မောင်ပဲ ထုတ်ပေးတော့လေ
တို့ဝတ်ရင်တော့ သိတယ်မဟုတ်လား"

လက်ထပ်လိုက်ပါပြီဆိုကတည်းက မနှင်းဆီတစ်ယောက် အမရာ့ရဲ့အရိပ်တကြည့်ကြည့်အောက်ကို ပိုလို့ရောက်လာခဲ့သည်။

ပြုံးပြုံးကြီးနဲ့နှင်းဆီဝတ်ဖို့အဝတ်တွေထုတ်ပေးနေတဲ့ အမရမောင်ကို အားလုံးကငေးကြည့်နေကြသည်။ ကြည့်ရင်းအရမ်းကိုပြောချင်နေတဲ့ အိမ်အိမ်က

"ဟဲ့မောင် အဲ့လောက်လဲ သည်းသည်းလှုပ်ပြမနေနဲ့နော်
နင်ဆိုသည်မှာ မမကိုအပိုင်ရပြီဆိုတာနဲ့ သည်းပြတော့တာပဲ"

အမရာ အဝတ်တွေထုတ်နေရင်း
"ဟဲ့ ငါ့မိန်းမငါ ဖျားမှာစိုးလို့ အဖြစ်သည်းတာ ဘာဖြစ်တုန်း မကျေနပ်ရင် နင်လဲရည်းစားထားလိုက်"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now