Part 35

9.5K 456 26
                                    

ခွဲခန်းရှေ့မှာ အမရာတို့ အချိန်အကြာကြီး စောင့်နေခဲ့ကြသည်

"မောင်"
သူငယ်ချင်းရဲ့သတိပေးစကားကြောင့် ခွဲခန်းဘက်ကိုလှမ်းကြည့်လိုက်သည်
ခွဲခန်းထဲမှ လှုပ်လှုပ်ရှားရှားလုပ်ကာ ထွက်လာကြဟန်တူသည်
အမရာချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သူမအမေ အခြေအနေမေးဖို့ အားပြုလိုက်သည်

"မောင် စိတ်မကောင်းပါဘူးကလေး"

သူမကိုသင်ကြားပေးတဲ့ဆရာဖြစ်တဲ့ ဒေါက်တာတစ်ဦးရဲ့စကားအသံကိုကြားတော့ အမရာ့ရင်ထဲနာကျင်မှုတို့က အတိုင်းအဆမရှိ

သူမဆရာကိုအားကိုးတကြီးကြည့်နေမိသည်
ထိုစကားကို မပြောပါစေနဲ့လို့အကြိမ်ကြိမ်ဆုတောင်းနေခဲ့သည့်အမရာ ဆုတောင်းမပြည့်ပါ

"မေမေ မေမေ့အခြေအနေရောဆရာ"

"ဆရာတို့ပြန်ခေါ်ပေမဲ့ လမ်းတစ်ဝက်မှာတင် ပါမလာခဲ့ဘူး
ဒေါက်တာမဒီမောင် သေဆုံးချိန် ညနေ ၃နာရီ၁၀ မိနစ်လို့
ဆရာသတ်မှတ်လိုက်ရတယ်"

အမရာ့ခြေထောက်တွေ ရပ်နေဖို့တောင် အားပြတ်သွားသည်

"ဆရာတို့ဆေးလောကအတွက်
သမားကောင်းတစ်ဦး ပေးဆပ်လိုက်ရသလို
မောင့်အတွက်မိခင်ကောင်း ​ဆုံးရှုံးလိုက်ရပြီပေါ့
စိတ်မကောင်းပါဘူးကလေးရယ်"

အမရာ ဆေးရုံကြမ်းပြင်ပေါ်ထိုင်ရပ်သားခွေကျသွားသည်
မျက်ရည်တို့က ချက်ချင်းကျမလာ ရင်ဘတ်ထဲမှာ စူးနစ်ကာ စို့တက်နေသည့်အရာကိုထပ်ကာ ထပ်ကာ ထုချသည်

"မောင် ညံ့လိုက်တာ
မောင်ညံ့လိုက်တာ မေမေရယ်
မောင့်ကမ္ဘာကြီးပျက်စီးရပါပြီ"

အမရာ သူမပါးသူမကိုယ်တိုင်ရိုက်ပြီး

"မောင့်ကြောင့် မောင့်ကြောင့်ပါမေမေရယ်"

"မောင် အဲ့လိုမဟုတ်ဖူးလေ"
ဘေးတွင်ရှိနေတဲ့ နွေနဲ့ လမင်းအိမ်ကဝင်ဆွဲသည်
အမရာ့ကိုနှစ်သိမ့်ပေးကြသည်

"မောင် နင် ဒီလိုပြိုလဲနေရင် မေမေမဒီ ဘယ်လိုစိတ်ချမှာတုန်း
ကိုယ်တိုင်လဲ ဆရာဝန်တစ်ယောက်ပဲ
အခုအချိန်မှာ တို့တွေဖြစ်သင့်တာကိုလုပ်ရတော့မယ် မောင်ရ"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now