Part 38

10.3K 524 29
                                    


နှင်းဆီ သူမစိတ်ဆန္ဒမပါတဲ့ မင်္ဂလာပွဲအတွက်ဝတ်စုံကြည့်ပြီးအ​​ပြန်
အိမ်ကိုရောက်တော့ နေလင်းကအိမ်သို့ရောက်နေလေသည်
အမရာလာသွားတဲ့အကြောင်း ဦးကျော်သီဟက နေလင်းကိုခေါ်ပြောခြင်းပါ

"ဘယ်လိုလဲ နှင်းဆီ
နင့်ရဲ့ညီမလေး လာတွေ့သွားသေးတယ်မဟုတ်လား"

အမရာ ဝတ်စုံကြည့်တဲ့ဆိုင်ကို လာသွားတာကို ဘယ်ကဘယ်လိုသိသွားသည်မသိ
နေလင်းတစ်ယောက် နှင်းဆီကို စကားနာထိုးသည်

"နင် ...
ငါနင်နဲ့စကားပြောချင်စိတ်မရှိဘူး နေလင်း
နင်အေးအေးဆေးဆေးနေ"

ဒေါသထွက်ရလွန်းလို့ နှင်းဆီ ထိုလူကိုစကားပြောချင်စိတ်မရှိတော့

"ဘယ်နေလို့ရမလဲ
ငါ့ပြိုင်ဘက် နင့်ညီမလေးလာတာကို"

"အပိုတွေပြောမနေနဲ့
နင် ပေးထားတဲ့ကတိသာတည်ပါစေ နေလင်း"

"မရတော့ဘူး နှင်းဆီ
ငါတို့ တနင်္လါနေ့ ဆွမ်းကျွေးလုပ်ကြမယ်
နင့်ရဲ့အချစ်တော်လေးက သိသွားပြီဆိုတော့
ငါ့မင်္ဂလာပွဲကို လာရှုပ်တော့မှာ"

နှင်းဆီနဲ့အမရာတို့ရဲ့ဓာတ်ပုံတချို့ကိုကိုင်ကာ  အကြပ်ကိုင်နေသည့်နေလင်း
ထိုပုံများနဲ့ နှင်းဆီရဲ့​ဖခင်ကိုပါခြိမ်းခြောက်ထားသည်ဟုဆိုကာ နှင်းဆီကိုလိမ်လည်လက်ထပ်ဖို့စီစဥ်ထားသည်
တကယ်တမ်း ထိုအရာတွေက ဦးကျော်သီဟရဲ့လက်ချက်လို့ပြောရမည် နှင်းဆီတစ်ယောက် ဘာမှမသိပါပဲ သူမအဖေရဲ့နယ်ရုပ်ကလေးဖြစ်နေခဲ့သည်

"နင့်ကို ငါ့အဖေနဲ့မောင့်ကြောင့်သည်းခံနေတာ
ယောင့်တက်မလာနဲ့ နေလင်း"

"ငါပြောတယ်လေ နင်ကငါ့အပိုင်ပဲဖြစ်ရမယ်လို့"

"လူတွေအမြင်မှာတော့ ပိုင်တယ်ထင်ရင်ထင်လိမ့်မယ်
ငါသေမှ ငါ့ကိုပိုင်မယ် နေလင်း
နင်မျက်နှာရော နင့်အသံရောငါမကြားချင်တော့ဘူး ရွံတယ်
ငါ့အိမ်ထဲက ထွက်သွား"

နှင်းဆီ နေလင်းတောင်းဆိုချက်ကိုလက်ခံလိုက်ရပြန်သည်
~~~~

အမရာ ပြန်ရောက်ချိန်က နောက်ကျနေတာမို့ ဦးစည်သူရှိရာကို သွားဖို့မသင့်တော့ပေ
နန်းကိုဖုန်းဆက်ကာ သူမ ဝဏ္ဏဆိုင်မှာခနရှိနေမည့်အကြောင်းကိုဖုန်းဆက်ပြောပြီး Bar ကိုရောက်လာခဲ့သည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now