Part 18

12.3K 585 13
                                    

ပုဇွန် စားလိုက်သည်မို့ အမရာ အဆိပ်တက်လာသည်ထင်သည်
ချွေးစေးများထွက်လို့လာသည်
နေရခက်တာမို့ ခနခန ရေသောက်လိုက် တံတွေးမြိုချလိုက် လုပ်နေမိသည်

"ဟို.....
မောင်စားလို့ပြီးပြီဆိုတော့
ခန ပြန်လိုက်ဦးမယ်နော်"

နှင်းဆီ နေလင်းကို တစ်ချက်ကြည့်ပြီး အမရာ့ကိုပြန်ကြည့်သည်

"မောင် ပြန်လာမှာမှတ်လား"

အမရာသိတာပေါ့ သူမရဲ့အမူအရာလေးတွေ သူမရဲ့ဟန်ပန်လေးတွေကို တစ်စိမ့်စိမ့်ကြည့်ရင်း ချစ်ခံရတာလေ
အခု သူမရဲ့ လေယူလေသိမ်းလေးနဲ့အကြည့်တို့က ပြန်လာစေချင်သည် အမရာ့ကိုသူမအနားမှာပဲ ရှိနေစေချင်သည့်ပုံပင်

"မောင်ချက်ချင်း ပြန်လာမယ်နော်
ခနလေးပဲ"

နှင်းဆီခေါင်းလေးညိမ်ပြသည် သွားပါဆိုသည့်သဘော
နှင်းဆီက သတိမထားမိသည်က အမရာနေမကောင်းဖြစ်နေပြီဆိုတာပါ
ချောကတော့ မူမမှန်သည့် အမရာ့ပုံကို သတိထားမိသည်

အမရာက ဟန်မပျက် ထိုအိမ်ကြီးထဲကထွက်လာသည်
ခြေလှမ်းတို့ အိမ်​လေးထဲက ဆေးအိတ်ဆီကိုဦးတည်နေသည်

ရင်ထဲ အောင့်နေသည်မို့ အသက်ကို မနည်းဝအောင်ရှူနေရသည်
အသက်ဝဝရှုလျှင်လဲ နာကျင်ရသည်လေ
အမရာ ဆေးရှာတွေ့တာနဲ့ ချက်ချင်းရေနဲ့မျှောချလိုက်သည်

"တော်သေးတယ် တစ်ကောင်ထဲမို့"

အမရာ အသက်ရှူသွင်း ရှူထုတ်လုပ်သည်

"ကလေး... "

"မမ"

"ထင်တဲ့အတိုင်းပဲ နေမကောင်းဘူးလား
ချွေးတွေလဲ အရမ်းထွက်နေတာပဲ အဆင်ပြေရဲ့လား"

"အဆင်ပြေပါပြီ မောင်ဆေးသောက်လိုက်ပြီ
ရင်ထဲနည်းနည်းအောင့်နေတာလေးပဲ"

"မတည့်တာစားမိတာလား ကလေး
ထမင်းမစားခင်ကအထိ အကောင်းပဲကို
သက်သာတာ သေချာတယ်နော်"

ချောရောက်လာတာ သတိထားမိတော့
ထိုလူနဲ့နှင်းဆီနှစ်ယောက်ထဲရှိမှာကို တွေးမိသည်

"မနှင်း​ဆီကို ဟိုလူနဲ့ထားခဲ့တာလား"

"အို ဟုတ်သား မမကစိတ်ပူလို့လိုက်လာတာ
ပြန်သွားလိုက်ဦးမယ် သက်သာရင် ပြန်လာခဲ့နော်"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now