Part 32

10.1K 509 8
                                    

နှင်းဆီ ဦးစောကိုပြန်ခိုင်းလိုက်ပြီး အမရာ့ကားနဲ့လိုက်လာသည်
ချောကိုလဲ အမရာ့ကိုခေါ်လာပြီမို့ ပြန်လှည့်ပြီး အိမ်ကနေပဲစောင့်နေဖို့ ပြောရသည်

"နောက်တစ်ခါ အခုလိုမလုပ်ရဘူးနော်မောင်
မဆိုးနဲ့... ဆိုးချင်ရင်လဲ အခြားဟာဆိုး"

"ဆိုးသင့်တဲ့အရာဆို ဆိုးရမှာပဲ မနှင်းဆီ
မောင်က မနှင်းဆီကို အသက်မကချစ်မိတဲ့သူပါ
မောင့်ကိုရော အခြားသူနဲ့အဲ့လိုတွေ့ရင် မနှင်းဆီလဲခံစားရမှာပဲမဟုတ်လား"

"စကားကို အဲ့လိုကပ်မပြောနဲ့မောင်
ဒီညမန္တ​လေးမပြန်နဲ့တော့ ချောအိမ်မှာအိပ်လိုက်
တို့အိမ်မှာကအဆင်မပြေတော့ဘူး
အခု ဖေဖေက အဖွားကိုပါပြောလိုက်ပြီ
ပြီးတော့ မောင့်ကိုအိမ်မလာ​စေနဲ့ပြောထားတယ်"

"မမချောအိမ်မှာ မောင်တစ်​ယောက်ထဲလား
မောင်တစ်ယောက်ထဲ အိပ်ရမှာလား"

"အင်းလေ တို့မှလာအိပ်လို့မရတာ"

"အဲ့တာဆို မအိပ်ဘူး ပြန်မယ်"
ပြောရင်း လမ်းတွေ့တဲ့ ဆီဆိုင်ထဲချိုးဝင်သွားသည်

"မောင်"
အမရာ စကားလုံးဝမပြော အခုချိန်ထိစိတ်ကောက်မပြေသေးတဲ့ ကလေးလေးလိုပင်

"ဆီအပြည့်ဖြည့်ပေးပါ"

အမရာသူမကားကို ဆီအပြည့်ဖြည့်ခိုင်းတော့ နှင်းဆီအသံပိုကျယ်လာသည်
"ဘယ်သွားမှာမို့အပြည့်ဖြည့်နေရတာလဲ"

"ဘယ်သွားသွားပေါ့"
အမရာက သူမနဲ့လိုက်မအိပ်လို့ ဘုကလန့်တိုက် ဂျစ်တိုက်သည်

"မောင်နော် ပြောရမခက်နဲ့
မပြန်ရဘူးဆို မိုးချုပ်နေပြီ
မေမေ့ကို တို့ဖုန်းဆက်ပေးမယ် ချောအိပ်မှာပဲ အိပ်"

"မအိပ်ဘူး ပြန်မှာ"

"မိုးချုပ်နေပြီလေ မဆိုးပါနဲ့မောင်ရယ်နော်"
အမရာပြောစကားနားမထောင် ကားပေါ်ကဆင်းသွားသည်

ထိုလူနဲ့နီးကပ်နေတာကိုတွေ့ပြီးကတည်းက ဒေါသကထိန်းမရသေး အခုလဲတစ်ယောက်ထဲ သူများအိမ်မှာအိပ်ခိုင်းနေတာမို့ ပိုလို့ဒေါသထွက်လာသည်

ဗိုက်ကလဲဆာနေတာမို့ ထွက်လက်စနဲ့စားစရာလိုက်ရှာမိသည်
ကားထဲတွင် မုန့်လဲမပါသလို ရေလဲမပါ ကားဆီကလဲပျက်သွားသည်မို့ တစ်နေကုန်ဘာမှမစားထားသည့်သူမ ဗိုက်ဆာနေသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now