Part 40

12K 549 23
                                    

အမရာကို ပါရဂူများက​ သုံးရက်လောက်စောင့်ကြည့်ကြပြီး လုံးဝတည်ငြိမ်သွားတာမို့ အထူးကြပ်မတ်ဆောင်ကနေ ရိုးရိုးဆောင်ကို ပြောင်းလိုက်ကြသည်
နန်းနဲ့နှင်းဆီတို့ နှစ်ဦးသဘောတူပုဂ္ဂလိကဆေးရုံကိုပြောင်းကာ အမရာ့ကို အကောင်းဆုံးအခန်းမှာထား​ကြသည်

ထိုအချိန်ကစလို့ နှင်းဆီအမရာ့အနားကနေ တစ်ဖဝါးမှမခွာတော့ပေ
နန်းနဲ့​ချောတို့ကတော့ သွားချည်ပြန်ချည်ပင်
အမရာ့သူငယ်ချင်းများက အမရာ့ ယာဥ်မတော်တဆမှုနဲ့ အလုပ်ရှုပ်နေကြသေးသည်

အမရာ့ကားကနေ အမရာ့ပစ္စည်းတချို့ကို ရဲများကပြန်ပေးသည်
အမရာ့ကိုထိခိုက်မှာစိုးတာကြောင့် အားလုံးက ကားဘီးကိုသာအပြစ်ပုံချကာ အမှုကိုရှောင်လွှဲလိုက်ကြသည်

"ဒါက ကားထဲကရှာဖွေလို့ရတဲ့ အမရာမောင်ရဲ့ပစ္စည်းတွေပါ
တချို့ပစ္စည်းတွေက အခင်းဖြစ်တဲ့နေရာကနေ လိုက်စုစည်းထားပေးတာပါ
ကားကတော့ စခန်းရှေ့မှာတွေ့ခဲ့ကြမှာပါ
အရည်ကြိုအဆင့်လောက်ဖြစ်သွားတာမို့ အားလုံးရဲ့သဘောပါပဲ
ပြန်လာသယ်ချင်လဲရပါတယ်"

"ကျေးဇူးတင်ပါတယ် ဆရာတို့ရယ်
ကားကတော့ ကာယကံရှင် သတိရလာမှပဲ ဆက်လုပ်ပါ့မယ်
ပြန်တော့သယ်သွားလိုက်ပါ့မယ် သူ့အမေရဲ့လက်ဆောင်လေးမို့ပါ သူ့အမေဆုံးတာ သုံးလေးလလောက်ပဲ ရှိသေးတာပါ"

နွေကအေးရာအေးကြောင်း ရှင်းပြကာ ကားကိုရ​အောင် ပြန်သယ်သည်
ဒေါ်မဒီ အမရာ ၁၈ နှစ်ပြည့်တော့ဝယ်ပေးထားတဲ့လက်ဆောင်မို့
အမရာတန်ဖိုးထားမှာကို သူငယ်ချင်း​တွေကသိသည်

နွေက အမြဲတမ်းလူကြီးလေးလိုဖြေရှင်းတတ်တာမို့
နွေနဲ့သွဲ့တို့က ကားနဲ့ပတ်သတ်တာတွေကိုတာဝန်ယူကာဖြေရှင်းကြသည်

ရဲအရာရှိပေးလိုက်တဲ့ အမရာ့ပစ္စည်းတွေကိုသယ်ပြီး ဆေးရုံကိုပြန်လာခဲ့ကြသည် ထိုထဲတွင်တော့ ဖုန်း စာအုပ်ကလေးတစ်အုပ်နဲ့စာရွက်စာတမ်းတွေရယ် သူမရဲ့ဆေးအိတ်ကလေးနဲ့ ပစ္စည်းတချို့ပင်

"နွေ မောင့်ပစ္စည်းတွေပြန်သယ်လာခဲ့တယ်မမ
ဖုန်းကတော့ ဆိုင်အပ်ရမယ်ထင်တယ် "

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now