part 4

12K 591 12
                                    

"မောင်"
Exam နီးပြီးမို့ အမရာအိမ်ကပ်နေခဲ့သည်
စာဖတ်နေရင်း ​ ခေါ်အသံကိုကြားလို့ လှည့်ကြည့်တော့ အရင်နေ့တွေနဲ့မတူ လှလွန်းနေတဲ့ရှမ်းမလေး နန်း ပင်
ဘာ​ကြောင့်ဆိုတော့ ရှမ်းရိုးရာဝတ်စုံလေးဝတ်လာသည်လေ

"ဟင် မမ ဘယ်ကဘယ်လို"

"မောင်က ပျောက်နေတာလေ
အိမ်မှာ စာလုပ်နေတာဆိုတော့ တော်သေးတာပေါ့
မမက ရည်းစားရနေတာလားလို့"

"ရည်းစားမရ ရပါဘူးမမရယ်
လာထိုင်လေ.."
အမရာ့ခုတင်လေးကိုပုတ်ပြရင်း ပြောလိုက်သည်

"အပေါ်ကို မေမေလွှတ်လိုက်တာလား"

နန်း အမရာ့ခုတင်အစွန်းလေးမှာပဲ ထိုင်လိုက်ပြီး

"ဟုတ်တယ်
အန်တီက ဉာဏ်ကြီးရှင်လေး စာလုပ်နေတယ်တဲ့
အပေါ်ကို တက်သွားလိုက်ဆိုလို့လေ
လာသာလာရတာ အိမ်မှာရှိပါ့မလားတွေးပူနေတာ"

"ရှိပါတယ် မမရဲ့ exam ရှိနေတာ မောင်ဘယ်မှမသွားပါဘူး
မောင်က အဲ့လို လူဆိုးလေး မဟုတ်ပါဘူးနော်
ဒီနေ့ အရမ်းလှနေတာပဲ
မမ ဘာစားချင်လဲ မောင် ဘာလုပ်ပေးရမလဲ"

"ဟင့်အင်း မမ မုန့်ဝယ်လာတယ် အောက်မှာထားခဲ့တာ
ပြီးမှတူတူဆင်းစားကြမယ်
စာက ကျက်တာလား...ဖတ်တာလား မောင်"

မောင်ရယ်မိသည်
ဟုတ်ပါသည် မောင်သည် စာကျက်သည့်လူစားမျိုးမဟုတ် စာပဲဖတ်သည် ကျက်တဲ့စာကို ပလွတ်ပတွတ် အလွတ်ရွတ်တဲ့သူထဲမပါ အေးအေးဆေးဆေးဖတ်ပြီး ခေါင်းထဲထည့်တတ်သူပင်

ထို့ကြောင့် အမရာ့ စာမေးပွဲသက်တမ်းတစ်လျှောက်တွင် စာမေ့ပြီး ငုတ်တုတ်ထိုင်ခြင်းမရှိခဲ့

"မမ မောင့်အကြောင်း သိရက်သားနဲ့"

"ဟုတ်ပါပြီ အတော်လေးရယ်
အခုရော စာဖတ်တာဘယ်လိုနေလဲ နားမလည်တာမျိုးရှိလား"

မောင် စာအုပ်ကိုအမှတ်အသားပြုကာ ပိတ်လိုက်သည်
"နည်းနည်းတော့ရှိတယ်
ဒီနေ့ မမလာတယ်ဆိုတော့
မမကိုအချိန်ပေးမယ်လေ"

"မောင့်မှာ ချစ်သူရှိနေပြီဆို"
​​​မေးခွန်းထုတ်လာသည့် နန်းရဲ့ အသံမသိမသာပြောင်းလဲသွားသည်

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now