part 21

13.1K 576 7
                                    

အမရာ့ အနမ်းကြောင့်သူမလန့်သွားသည်ထင်သည်
ထိုသို့ အတောင့်လိုက်ကလေးပင်

"မနှင်းဆီ"

အမရာ နာမည်လေးခေါ်လိုက်တော့ သူမသတိပြန်ဝင်လာသည် ရှက်လို့ထင်သည် ခေါင်းငုံ့သွားသည်

"မောင်က မကောင်းဘူးကွာ
လန့်သွားတာပဲ"

"စောတီးပါနော်
မောင်အသည်းယားလို့ပါ နမ်းလိုက်မိတာ
ဟို... မကျေနပ်ရင် မောင့်ကိုပြန်နမ်းပါလား"

"လူတွေအများကြီးရှိ​နေ​တာကို
အဲ့လိုမလုပ်နဲ့မောင်ရယ် "

ဟုတ်ပါသည် အမရာ သူမကိုတန်ဖိုးမထားသလိုဖြစ်သွားသည်

"တောင်းပန်ပါတယ် မောင်တောင်းပန်ပါတယ်နော်
မောင် တန်ဖိုးမထားသလိုဖြစ်သွားတယ်
နောက် ...နောက် မနမ်းတော့ဘူးနော်"

သူမ မနမ်းတော့ဘူးဆိုတော့ နှင်းဆီ စိတ်မကောင်းဖြစ်သည်
နှင်းဆီပြောတာ ထိုသို့မဟုတ် လူကြားထဲသာဆင်ခြင်ဖို့ပြောခြင်းပါ အမရာ ဘယ်လိုအဓိပ္ပါယ်ကောက်သွားသည်မသိ

"မဟုတ်ဘူး မောင်"
နှင်းဆီ ပြန်ပြောမလို့ကို ပြောချိန်မရလိုက်

ရေနစ်တဲ့ကလေးမလေးက အမရာ့နားပြန်ရောက်လာသည်

"မမ"

"နေလို့အဆင်ပြေသွားပြီလား လမင်းငယ်"

"ဟုတ် အစက တော်တော်နေရခက်တာ အခုအဆင်ပြေသွားပြီ
လမင်း မမကိုကျေးဇူးတင်ပါတယ်"

လမင်းငယ် ဆိုတဲ့ကလေးမလေးက အမရာ့ကိုကျေးဇူးတင်စကားဆိုသည် လက်အုပ်ချီကာ ကန်တော့မည်လုပ်သည်
အမရာ မနေတတ်တာမို့ မကန်တော့ဖို့ အတင်းပြောရသည်

"ရပါပြီ ညီမလေးရယ်
မကန်တော့ပါနဲ့"

"လမင်းမှာ မမ ပေးတဲ့အသက်ပဲရှိတော့တာလေ
လမင်း မမကို ကျေးဇူးပြန်ဆပ်ပါရစေနော်"

"ရပါပြီ နေကောင်းအောင်သာနေပါ
ပြီးတော့ တို့ကြောင့်ဒီကိုလာတာဆိုတော့ ..မကောင်းဘူးလေ
အိမ်မြန်မြန်ပြန်နော်"

"ဟုတ် မမဖုန်းလေးတော့ပေးပါနော်
လမင်းဆက်သွယ်ချင်လို့ပါ
တကယ်လဲကျေးဇူးတင်တာပါ"

ချစ််ရပါတယ် မနှင်းဆီWhere stories live. Discover now