Ep-1

2K 50 2
                                    

          အတ္တ...လွန်ဆွဲ

           ကြီးကြီးတက် ချမ်းသာတဲ့သူတွေသာတက်ခွင့်ရှိတဲ့ လေလံပွဲတစ်ခု တော်ရုံ ချမ်းသာတဲ့သူတွေတောင်တက်ခွင့်မရှိတဲ့ လေလံပွဲ ထိုလေလံပွဲရဲ့အဓိက လေလံပစ္စည်းကတော့ နှစ်(500)သက်တန်းရှိသည့်  ရှေးဟောင်းပစ္စည်းတစ်ခုကို လွန်ခဲ့တဲ့၃နှစ်က ရှာဖွေ​တွေ့ရှိ၍ လေလံတင်ခြင်းဖြစ်သည်။

တစ်ဖက်တွင်လဲလေလံပွဲ၌ လူတိုင်းရဲ့အာရုံကိုဖမ်းစားတဲ့ သူတစ်ယောက်ရှိလေသည်။ ထိုသူကတော့ မီးခိုရောင်သန်းနေတဲ့ မျက်လုံးအားပိုင်ဆိုင်ထား၍ ပင်ဂိုခဲရောင်ဆံပင်နဲ့ အကျီရင်ဘက်ကိုကြယ်သီးသုံးလုံးလောက်ဖြုတ်ကာ ရင်ဘက်က တက်တူးများနဲ့ အထာကျကျမိမိုက်နေသူ။ သေသပ်သောနှုတ်ခမ်းနဲ့ မဖြူ မညိုသောအသားအရည် မြင့်မားတဲ့အရပ် 6ပေကျော်က ပျိုမဒီတို့ရဲ့ အသဲနှလုံးအားနာမည်ကြားရုံနဲ့ ညို့ယူနိုင်သောသူ။

အကြည့်တချက်နဲ့တင် ခစားဖို့အသင့်ဖစ်နေသလို့ ထို့အကြည့်တစ်ချက်နဲ့ပင် သေစေနိုင်လောက်တဲ့ သူက​တော့ Killer ဂိုဏ်းရဲ့leader ညို့အားပြင်း။

သို့သော် ညို့အားပြင်းနဲ့အတူ ပျိုမဒီတို့ရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့သူတဦးလည်းရှိနေသေးသည်။ထိုလူကတော့ မြင်သူတကာငေးမောကြည့်ရတဲ့ မျက်နှာပိုင်ရှင် စမတ်ကျကျဝတ်စားဆင်ယင်ပုံတို့က ရူးသွပ်စေလိုသလား။ နက်မှောင်သောဆံသားနဲ့ ယောကျာ်းဆန်သည့်မေးရိုး တင်းတင်းစေ့ထားသောနှုတ်ခမ်းနဲ့ တည်ကြည့်သောရုပ်ရည်ပိုင်ရှင်။

အဝေးကကြည့်ရင်တောင့် အရှိုန်အဝါကြီးလွန်းသူ ၆ပေကျော်သည့်အရပ်အမောင်းနဲ့ ရှည်လျားလှတဲ့ခြေတံ လက်ဖျံထက်က သွေးကြောစိမ်းတို့သည် အပြင်ကိုပင်ပေါက်ထွက်တော့မလိုပင်။ အကုန်ချုံကြည့်ရင်တော့ထို့သူသည် အလွန်ပင်အရှိုန်အဝါကြီးပီး အလွန်ပင်ချောမောတဲ့သူ ထိုသူကတော့ မြေအောက်လောကရဲ့ ဘုရင် Smoke ဂိုဏ်းရဲ့ leader မာန်ဓနဂုဏ်

လေလံပွဲစတင်ပြီမို့ Mc Girlမှာ စင်ပေါ်တက်၍ လေလံပွဲသို့ကြွရောက်လာတော့ သူများအား နှုတ်ဆက်စကားပြောဖို့အတွက် မိုက်စ်ကိုကိုင်ကာ

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now