အတ္တ...လွန်ဆွဲ
"တွေ့ရတာဝမ်းသာပါတယ် ညို့အားပြင်း"
"အလုပ်ကိုမလေးစားတဲ့သူကြောင့် ငါရဲ့တန်းဖိုးရှိတဲ့အချိန်တွေကုန်နေပီး
လိုရင်းပြောကြတာပေါ့ ဒီမြေကွက်ကို ငါလိုချင်တယ်""စိတ်လျော့အုံး ညို့အားပြင်းရဲ့ စိတ်မကောင်းစွာနဲ့ပြောရရင်တော့ ဒီမြေကွက်က ကိုယ့်အပိုင်မလို့ မင်းနောက်ဆုတ်ရလိမ့်မယ်"
"ညို့အားပြင်း ဆိုတဲ့ငါ ရာဇဝင်မှာ နောက်ဆုတ်တယ်ဆိုတာ မရှိဘူး"
နှစ်ယောက်သားအပြိုင်အဆိုင် အကြည်ခြင်း စစ်တိုက်နေတာကြောင့် သူတို့နှစ်ကြားက မြေပိုင်ရှင်ဦးသိန်း ခင်မျာမှာလဲ ချွေးတွေပြန်နေရတော့သည်။
မြေပိုင်ရှင်ဦးသိန်းလဲ သူအနေနဲ့ ဘယ်သူကိုရောင်းပေးလို့ရောင်းပေးရမလဲမသိတော့ဘူး။ နှစ်ယောက်လုံးကလဲ သွားထိလို့မရတဲ့ နတ်ဆိုးတွေဆိုတော့ မရောင်းပြန်ဘူးလို့ပြောရင်လဲ သူတို့ရဲ့ ကျည်ဆံ က မိမိခေါင်းထဲရောက်လာမို့ သူတော်တော်ကို ခေါင်း
ကြိမ်းနေရသည်။"စိတ်မရှိပါနဲ့ကွယ် ဦးလေးတစ်ခုလောက်ပြောပါရပါစေ ဦးလေးဆီမှာ မင်းတို့ကြိုက်လောက်မဲ့ မြေကွက်တွေရှိပါတယ် စိတ်ဝင်စားတယ်ဆိုရင်.."
"မလိုဘူး ဒီမြေကွက်ကိုပဲလိုချင်တယ်"
ညို့အားမှ မြေပိုင်ရှင်ရဲ့စကားအားဖြတ်ပြောလိုက်သည်။ သူဒီမြေကွက်ပဲလိုချင်သည်။ မာန်ဓနဂုဏ်ဆိုတဲ့ ကျက်သရေမရှိတဲ့ကောင်ကြောင့် သူပိုပီး ဒီမြေကွက်ကို လိုချင်ပါသည်။
"ဒီမြေကွက်ပဲဝယ်မယ် စျေးကြိုက်သလောက်ပြော"
ဓန လဲ မြေကွက်အား ညို့အား ကိုမပေးနိုင် ညို့အား လိုချင်နေလိုပင် ပို့ပီး လက်မလွတ်ချင်ပါ။ ဒါကြောင့် ပိုင်ရှင်အား ပြောလိုက်ချင်ဖစ်သည်။
ကြားထဲက မြေကိုင်ရှင်ခင်မျာ ဒီနေရာတွင်အငွေ့ပြန် ပျောက်ကွယ်သွားချင်တော့သည်။ သူတို့အချင်းချင်း အကြည့်ချင်းစစ်တိုက်နေသော်လည်း ကိုယ်ကို မကြည့်ပဲပြောတဲ့ သူတို့စကားကြောင့် ဦးသိန်းခင်မျာ ခြေလက်များအေးစက်ပီးတုန်ယင်လာသည်။ သူဘဝ၌ တခါမှ ဒီလောက်မတုန်လှုပ် မကြောက်ခြားဘူး သူတို့ကြောင့်သာလျှင် သေချင်စိတ် ပထမဆုံးဖစ်လာသည်။ဦးသိန်းလဲ စိတ်ကိုအတတ်နိုင်ဆုံးလျော့ချကာ အကြည့်ချင်းစစ်တိုက်နေတဲ့ သူနှစ်ယောက်အား