အတ္တ...လွန်ဆွဲ
တဖြေးဖြေး အချိန်တွေကုန်လာတာနဲ့အမျှ ဆေးရုံးတခု၌ ကလေးငယ်တစ်ယောက် မွေးဖွားလာခဲ့သည်။ အမေဖစ်သူက ပင်ပန်းနေ၍ကုတင်ပေါ်တင် အိပ်နေကာ မွေးကင်းစကလေးငယ်အနားတွင် သားအဖနှစ်ယောက် ခေါင်းချင်းစုံနေကာ
"ဖေဖေ ညီညီကဘာလို သေးသေးလေးဖစ်နေတာလဲ"
"နောက်ဆို အရွယ်ကြီးလာဖို့ အရှိန်ယူနေတာပေါ့ သားသားရဲ့"
"နောက်ဆို ညီညီကသားသားနဲ့ရွယ်တူဖစ်လာမှာလား "
"ဒါပေါ့ သားသားက ညီလေးကို စောင့်ရှောက်ရမယ်နော်"
"ဟု သား ညီညီကို စောင့်ရှောက်ပါမယ် "
"ဒါမှဖေ့သားကွ"
အဖေဖစ်သူက ညို့အားရဲ့ပါးကလေးအားနမ်းရိုက်လိုက်ကာ ကုတင်ပေါ်တွင် အိပ်ပျော်နေတဲ့ ဇနီးသည်အား ကြည့်ကာ စိတ်ထဲ၌
"ကိုယ့်တို့ကလေးတွေကို စိတ်ချလိုရပီး "
⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔
တလအကြာ
ညို့အား ညီဖစ်သူနဲ့ဆော့ကစားနေကာ ထို့အချိန်အခန်းထဲ အမေဖစ်သူမှဝင်လာပီး ဆော့နေတဲ့ သားနှစ်ယောက်အားကြည့်ကာ
"ကဲ အဝတ်စားမလဲသေးဘူးလား ညီအကိုနှစ်ယောက်"
"ခနနေလဲမှာပါမေမေ ညီညီနဲ့ဆော့နေတာ ဟုတ်တယ် နော် ညီညီ"
"အဲ...အဲ...အဲ"
ကလေးငယ် ညို့ချက်က ထောက်ခံသည်အနေနဲ့ တအဲအဲပြောနေတော့ အမေဖစ်သူကလဲ မထိန်းနိုင်စွာ အသံထွက်ရယ်မိလိုက်သည်။ အရမ်းကိုချစ်ဖို့ကောင်းနေလို့ပင်။
"ကဲ နောက်မှဆော့တော့ ခနနေ ဧည့်သည့်တွေလာတော့မှာ"
"ဘာလို့လဲ"
"ဒီနေ့ သားညီ ညို့ချက်လေးရဲ့ တလပြည့်လေ"
"ဟုတ်သား သားမေ့နေတာ"
"အဝတ်စားလဲတော့ မေမေကူပေးရမလား"
"သားကိုယ့်ဘာသာလဲတတ်ပါတယ်"
"ဟုပါပီးရှင့် အဲတာဆို ညီလေးကိုခေါ်သွားတော့မယ်နော်"
"ဟု"
![](https://img.wattpad.com/cover/354407720-288-k584089.jpg)