အတ္တ...လွန်ဆွဲ
"ညို့"
ဓနရဲ့ ခေါ်သံကြောင့် ညို့အားကမ္ဘာကြီးတတိတ်ဆိတ်သွားသယောင်။ ညို့တဲ့ ဓနကသူအားခေါ်သည်က ညို့ တဲ့လေ။ မကြိုက်တာမဟုတ်ပင်မဲ့ ကြားနေကျမဟုတ်တော့ နည်းနည်းတော့ နားထဲကန့်လန့်ကန်လန့်ဖစ်နေပါသည်။
သို့သော်လဲသဘောကျသည်။ ဓန ခေါ်တဲ့နာမ်စားမို့ ပိုပီးတော့သဘောကျသည်။ သို့သော်သေချာအောင်ထက်မေးကြည့်လိုက်သည်။"ညို့ ငါကိုလား"
"အင်း ညို့ ကိုယ့်ရဲ့ညို့"
"ဘာလို့ ညို့ လို့ခေါ်တာလဲ"
"မြတ်နိုးလို့"
ညို့အား နှုတ်ခမ်းထက်အပြုံးသေးသေးလေး ထွက်ပေါ်လာခဲ့သည်။ ဓနမှာလဲ ညို့အားရဲ့အပြုံးသေးသေးလေးကြောင်မင်သက် သွားကာ ညို့အားကို မြတ်နိုးမှုအပြည့်နဲ့ကြည့်နေပး ညို့အားမှာလဲ ဓနအားအချစ်မျက်ဝန်းများနဲ့ကြည့်နေခဲ့သည်။ အချိန်အတော်အတန်ကြာပေါ့။ထို့နောက် ညို့အားရဲ့နှုတ်ဖျားမှ အသံခပ်တိုးတိုးလေးတခုခုထပ်ပေါ်လာခဲ့သည်။
"မောင်"
"ပြောလေ မောင်ညို့"
"မဟုတ်ဘူး ဓန"
ညို့အား ဓနရဲ့ညို့ဆိုတဲ့စကားကြောင့် ခေါင်းထဲမောင်ဆိုတဲ့နာမ်စားက ထွက်လာကာ သူကိုယ့်တိုင်တောင် တားမရ ပါးစပ်ထဲကထွက်သွားချင်ပင်။ ဒါကို ဓနကလဲ ချက်ချင်း မောင်ညို့ဟုခေါ်လိုက်တာကြောင့် ညို့အားဆံပင်မွေးများထောင်သွားသလိုပင်။ သို့သော်ဓနရဲ့ မောင်ညို့ဆိုတဲ့စကားကြောင့် ညို့အားရင်ထဲကလိကလိနဲ့။ နူးညံညင်သာလို့ကိုမရတဲ့ညို့အားကြောင့် ဒီနာမ်စားက အနည်းငယ်တော့ နားဝင်ဆိုးသလိုပင်။
"ဒီနေ့ကစပီး ညို့ကမောင်လို့ခေါ် မောင်ကညို့လို့ခေါ်မယ် ok"
"ဓန"
"မောင်ပြောပီးပီးနော် ခုတော့ပြန်လိုက်အုံးမယ် မောင်ညို့"
ဓနပြောပီးတာနဲ့ထိုင်ခုံမှထသွားကာ အစည်းအဝေးခန်းထဲက ထွက်သွားလေသည်။ ညို့အားမှာပင် ကြောင်အနေမိသည် ထို့နောက် တောက်ပစွာပြုံးလိုက်သည်။ အရင်ကတခါမှမပြုံးခဲ့ဘူးတဲ့ အတောက်ပဆုံးအပြုံးတခုပေါ့ ဒါကလဲ ဓနကြောင့်ဖစ်ပေါ်လာချင်ပင်။ မောင်တဲ့လား ခေါ်ရမှာ ပါးစပ်ထဲတစ်နေသလို ဘာလို့လိုဖစ်နေတာကာ ညို့အားလဲ မသိတော့တာကြောင့်ခေါင်းခါမိလိုက်သည်။ ဓန ဒီလိုခေါ်တတ်မှန်း ညို့အားတကယ်သိလဲမသိသလို သတိလဲမထားမိခဲ့ပါ။ ညို့အားတို့နှစ်ယောက်လုံးက ယောကျာ်းရင့်မာကြီးများဖစ်တာကြောင့်ရော ရန်သူတွေဖစ်ခဲ့တာကြောင့်ရော တစ်ယောက်မှလဲ မချွဲနွဲနိုင်တာချပေ။ ရှေ့ဆက်ဘယ်လို့တွေဖစ်မလဲဆိုတာကို ညို့အားမတွေးရဲချေ။
![](https://img.wattpad.com/cover/354407720-288-k584089.jpg)