Ep-19

524 28 0
                                    

          အတ္တ...လွန်ဆွဲ

"ကိုယ့်လိုချင်တာက.... မင်းကို"

"ဟမ့်.."

ညို့အား ကြောင်အသွားကာ ဓနမျက်နှာအား ကြည့်ပီး

"ဘာပြောတယ်"

"ကိုယ်လိုချင်တာက မင်းကိုပဲ ညို့အားပြင်း"

"မင်းရူးနေတာလား မာန်ဓနဂုဏ် "

"မင်းကတိမင်းတည်မယ်လို့ ကိုယ့်ထင်တယ်"

"မင်းရဲ့စောက်အဓိပ္ပါယ်မရှိတဲ့စကားကို"

"မင်းပဲကိုယ့်လိုချင်တာပေးမယ်ဆို ကိုယ့်လိုချင်တာက မင်းပဲလေ ညို့အားပြင်း"

ဓန ညို့အား ကိုထို့သို့ပြောကာ ယခင်ကနီးရပ်နေတဲ့မျက်နှာထက် တဖြေးဖြေး ပိုတိုးသွားကာ ထို့နောက်ပန်းနုရောင်သန်းကာ အိစက်နေတဲ့နှုတ်ခမ်းသားထံသို့ ဓန တဖြေးဖြေး တိုးကပ်သွားပီး နူးညံစွာ အနမ်းခြွေလိုက်သည်။

ညို့အား သူအားနူးညံစွာ နမ်းလိုက်တဲ့ ဓန ကြောင့် ခေါင်းထဲဗလာနတိဖစ်နေတော့သည်။ အခုဘာတွေဖစ်ကုန်တာလဲ ညို့အား လိုက်မမှီတော့ပေ။ညို့အား ဓနအား ခပ်ဖွဖွတွန်းလိုက်ပီး

"မင်းဘာတွေဖစ်နေတာလဲ"

"ကိုယ့်လား မင်းကိုထပ်နမ်းချင်သေးတာ"

"မင်းဘာလုပ်နေတာလဲဆိုတာ မင်းကိုယ့်မင်း ရောသိရဲ့လား"

"သိတယ်လေ ကိုယ့်မင်းထပ်နမ်းချင်ပီး"

ဓန ညို့အားပြင်းရဲ့ နူညံအိစက်တဲ့နူတ်ခမ်းသားအားထပ်မံ နမ်းရှိုက်လိုက်တော့သည်။ ဒီတကြိမ်မှာတော့ ညို့အားကပါ အတူလိုက်ပါးစီးမြှောပီး ဓန နဲ့ ညို့အား နှစ်ယောက်အတူ အနမ်းပင်လယ်ပြင်ကိုလက်ပစ်ကူးနေကြတော့သည်။ နှစ်ယောက်သားက သက်လုံကောင်းတာကြောင့် အချိန်အတော်ကြာ နမ်းရှိုက်ပီး ခွာလိုက်ကြချိန် တယောက်ကိုတစ်ယောက် မတိုင်ပင်ပဲ အကြည့်ချင်း စုံကာ အချစ်မျက်ဝန်းများပေါ်ပေါက်လာပီး အကြည့်မလွဲနိုင်ဖစ်နေကြတော့သည်။

သို့ပင်မဲ့ ညို့အားက ဓနအား တွန်းထုတ်ကာ အိမ်အပြင်ဘက်ကိုပြေးထွက်လာခဲ့ပီး ဓနအိမ်ကနေ အမြန်ကားမောင်းထွက်လာခဲ့သည်။ ညို့အား ဓနအိမ်ကနေ ကားမောင်းထွက်လာပီး လမ်းဘေးတနေရာ၌ ကားရပ်ကာ အသက်ကိုဝအောင်ရူလိုက်သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now