အတ္တ...လွန်ဆွဲ
ညို့ချက် လူကြီးရင်ခွင်ထဲနေရင်း အကိုအကြောင်းအားတွေးနေမိသည်။ အခုဆိုအကိုကသူအား မြေလှန်ရှာနေတော့မှာပင်။ ညို့ချက်သက်ပြင်းချမိတော့
"ကလေးငယ်"
"လူကြီး"
"နောင်တရနေတာလား ကိုယ့်နောက်ကိုလိုက်လာလို့"
"နောင်တရရင် အခုလိုခင်များကြီးရင်ခွင်ထဲရှိနေအုံးမလား"
"ဒါဆို ဘာတွေသက်ပြင်းချနေတာလဲ"
"လူကြီး ခုလိုလုပ်တာသာ အကိုသိရင် မိုးမီးလောင်မှာနော်"
"ကိုယ့်မှကလေးငယ်နဲ့မခွဲနိုင်တာ"
"ကျွန်တော် သိပါတယ် ဒါပင်မဲ့ ဒီလိုလုပ်တာက အကိုပိုပီးဒေါသထွက်မှာ"
"ဘာအကြောင်းပြချက်မှမပေးပဲ ကိုယ့်ရင်ခွင်က ခေါ်သွားမှတော့ ခိုးပြေးရုံကလွဲ ဘာတတ်နိုင်မှာလဲ ကလေးငယ်ရဲ့"
မနေ့ညက ဓနနဲ့လူကြီးပေါင်းပီး ညို့ချက်တို့အိမ်ကိုလာကာ ဓနက အကိုအားတားဆီးထားပီး လူကြီးကတော့အိမ်ထဲခိုးဝင်လာကာ သူအားခိုးပြေးတော့သည်။ ညို့ချက်လဲ မနေ့ညကအကြောင်းအားအမှန်တိုင်းပြောရရင်သိပ် မမှတ်မိပေ။ ဒါပေမယ့် လူကြီးအနောက်ကိုလိုက်ရတာကို ညို့ချက်နောင်တမရပါ။ အဲအတွက်အကိုကအပြစ်ပေးမယ်ဆိုရင်လဲညို့ချက် ကျေကျေနပ်နပ်ကြီးလက်ခံမှာပင်။ အကိုကသူအားဆူပူရုံကလွဲဘာမှမလုပ်ပင်မဲ့ လူကြီးတို့ကိုတော့ဘယ်လိုလုပ်မလဲမသိပါ။ လူကြီးတို့ဘယ်လိုတွေးပီး လုပ်လဲဆိုတာ ညို့ချက်မသိ အကိုဒေါသကိုတော့ညို့ချက်ထက်ဘယ်သူကပိုသိမှာလဲ အကုန်ဗြောင်းဆန်ကုန်တော့မှာဟု ညို့ချက်စိတ်ထဲတွေးမိသည်။
ဒါပင်မဲ့ လူကြီးကိုတော့ လွမ်းပါသည် အကိုကိုယ့် မလွန်ဆန်နိုင်တာကြောင့်သာ လူကြီးကိုတွေ့ချင်တာ တပိုင်းကိုသေလို့။ ညို့ချက် အရင်ကယောကျာ်း မိန်းမ မရွေးတွဲခဲ့တယ်ဆိုပင် အားလုံးကအပျော်ဆိုတော့ ထွေးထွေးထူးထူး ခံစားချက်မရှိပေ။ သို့သော်လူကြီးကတော့မတူ ညို့ချက် ရဲ့နှလုံးသားပိုင်ရှင်မို့ အားလုံးထပ်ပိုပီးချစ်ပါသည်။ အကိုနဲ့လူကြီးကြား ညို့ချက်ဘယ်လိုတွေလုပ်ရမလဲမသိတော့။ ညို့ချက်ထပ်ပီးသက်ပြင်းချလိုက်မိသည်။
![](https://img.wattpad.com/cover/354407720-288-k584089.jpg)