Ep-6

723 37 1
                                    

အတ္တ...လွန်ဆွဲ

Hotelမှအပြန် ညို့အားတို့ကားလေး အိမ်ရှေ့သို့ကားရပ်ကာ ဇက်တစ်ယောက် ကားတံခါးအားအပြေးအလွားလာဖွင့်ပေးသည်။ညို့အားလဲကားပေါ်မှဆင်းကာ အိမ်ထဲဝင်တော့ ဇက် လဲညို့အား နောက်ကိုထပ်ချက်မကွာ လိုက်လာသည်။ညို့အား အပါ်ကုတ်ကိုချွတ်၍ ထိုင်ခုံတစ်ခု၌ ပစ်တင်လိုက်သည်။ ထိုင်ခုံပေါ်တွင် မျက်လုံးများမှိတ်ကာ ထိုင်ခုံကိုမှီကာထိုင်နေတော့သည်။
ဇက်လဲ ဂိုဏ်းချုပ် ထိုင်နေတဲ့ခုံဘေးတွင် ရပ်နေကာ

"ဆရာဝန် ခေါ်လိုက်ရမလား ဂိုဏ်းချုပ်"

"မလိုဘူး သံပုရာရည်တစ်ခွက်ပဲဖျော်လာခဲ့"

"ဟုကဲ့ ဂိုဏ်းချုပ်"

ဇက်လဲ ဂိုဏ်းချုပ် ပြောတဲ့အတိုင်း မီးဖိုချောင်ကိုသွားကာ သံပုရာရည် ဖျော်ပီး ဧည့်ခန်း ရှိဂိုဏ်းချုပ်ဆီ သွားကာ

"ဂိုဏ်းချုပ် သံပုရာရည် ရပါပီး"

ဂိုဏ်းချုပ်အား သံပုရာရည်ပေးလိုက်သည်။
ညို့အားလဲ သံပုရာရည် ခွက်ကိုယူကာ တခါတည်းတန်းမော့ပီး သောက်လိုက်တော့ သံပုရာရည် အေးအေးလေးက လည်ချောင်းထဲစီးဝင်သွားတဲ့အခါ အနည်းငယ်လန်းဆန်းမိသည်။သံပုရာရည်ခွက်အား စားပွဲ၌တင်ကာ သူဘေးရပ်နေတဲ့ ဇက်အား

"ဒီနေ့အကြောင်း ညို့ချက်မသိစေနဲ့"

"ဟုကဲ့ ဂိုဏ်းချုပ်"

"မင်းသွားတော့"

ညို့အား ဇက်အား ထွက်သွားခိုင်းကာ ထိုင်ခုံ၌ ခန နားပီးတာနဲ့ ရေချိုးရန် အိပ်ခန်းထဲသို့ဝင်လာခဲ့ပီး ရေချိုးခန်းထဲဝင်ကာ ရေစိမ်နေလိုက်သည်။
ရေစိမ်နေရင်း မဖိတ်ခေါ်ပဲ အတွေးထဲရောက်လာတဲ့ကျက်သတုန်းကောင် သူကို ဒေါသထွက်အောင်အလုပ်နိုင်ဆုံးသူ ဒေါသထွက်လိုက်တာ ကျက်သရေတုန်းတဲ့ကောင်အကြောင်းတွေးရုံနဲ့ ပင်။
ညို့အား လဲ ရေစိမ်ခြင်းကို အဆုံးသတ်ကာ တပတ် ပတ်ပီးထွက်လာတော့သည်။
ညို့အား ၏ အန္ဓာကိုယ်သည် လေ့ကျင်ခန်းသေချာလုပ်တာကြောင့် sixparkတိုကအထင်းသား မညိုမဖြူအသားရည်နဲ့ 6ပေကျော်အရပ်တို့က မဒီမလေးတင်မက တချိုသော ကောင်လေးတွေကိုပင်ဆွဲဆောင်နေသည်။ ညို့အားရဲ့ ခုပုံကိုသာမြင်လျှင် နှာခေါင်းသွေးလျှံကာ သွေးထွက်လွန်သေနိုင်သည်အထိ မိမိုက်နေတဲ့ သူတစ်ယောက်ပင်။
ရေတစက်စက်ကျနေတဲ့ sixparkတို့က ကိုက်စားချင်ဖွယ် လက်ဖျံကြောများကလဲ အားကိုးချင်စရာ ရင်ခွင်ကျယ်ကြီးကတော့ နားခိုရာ တခုလိုပင်။ ရေချိုးပြီးကာစမို့ ဆံပင်တို့က ရေစက်များကျနေပီး အလွန်ပင်ဆွဲဆောင်မှုအားပြင်းထန်နေသည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now