Ep-31

451 24 5
                                    

          အတ္တ...လွန်ဆွဲ

ဓန နဲ့ အာဏာ ဂျေးစကားကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိသည်။ မဖစ်ပါစေနဲ့လို့ပဲဆုတောင်းရတော့မည် ရှေ့ဆက်ဘာတွေဆက်ဖစ်မလဲဆိုတာ မတွေးရဲစရာပင်။
ဓန ဂျေးစကားကြောင့် စိုးရိပ်မှုတို့က ပိုပီးတဟုန်တိုးသွားတော့ကာ ညို့အားကို ပိုပီးစိတ်ပူမိလာကာ ဘာလုပ်လို့လုပ်ရမလဲ မသိဖစ်နေသည်။

တင်း....
ထိုအသံနဲ့အတူ မီးစိမ်းသွားကာ ဆရာဝန်တစ်ယောက်ထွက်လာခဲပီး

"လူနာ ညို့အားပြင်းရဲ့ လူနာရှင်"

ဓနတို့သုံးယောက် ထိုဆရာဝန်အနား အပြေးသွားကာ ဓနမှ

"ကျုပ် ကျုပ် ညို့အား သူ ရော ညို့အား"

"လူနာရှင်စိတ်အေးအေးထားပါ"

ဓန ဆရာဝန်ရဲ့အပြောအားမစောင့်ပဲ တဆက်လျက်ပြောနေတော့သည်။ ထို့နောက်ဆရာဝန်ရဲ့စကားအားစောင့်မျှော်နေပီး

"လူနာ အသက်အန္တရယ်မရှိတော့ပါဘူး"

အခုမှ ဓန ရင်ထဲကအလုံးကြီးကျသွားတော့သည်။ ညို့အားဘာမှမဖစ်လို့တော်ပါသေးရဲ့ မဟုတ်ရင် ဓန ဒီဆေးရုံးအား မီးလောင်တိုက်သွင်းမယ်ဟု တွေးနေသေးသည်။

"ဒါပင်မဲ့"

"ဘာဖစ်လိုလဲ ညို့အား ဘာဖစ်လို.."

"ဓန တိတ်တိတ်နေအုံး"

ဆရာဝန်ရဲ့ ဒါပေမယ့် ဆိုတဲ့စကားကြောင့် စိုးရိပ်မှုတို့ကတဖန်ပြန်တက်လာကာ ပြောမိတော့ ဘေးနားကအာဏာမှသတိပေးလာရသည်။ ဓနလဲ ကိုယ်ရိုန်ပြန်သပ်ကာ

"ညို့အားဘာဖစ်လို့လဲ"

"လူနာက သွေးတွေအများကြီးကုန်ထားတာဆိုတော့ အားတော့နည်းနေတယ် ဗိုက်ဒဏ်ရာက 8ချက်ချုပ်လိုက်ရတာမလို့ သေချာဂရုစိုက်ဖို့တော့လိုမယ် ဒါပါပဲ ဆရာကိုခွင့်ပြုပါအုံး"

ဆရာဝန်လဲ ပြောစရာရှိတာတွေပြောပီး ထွက်သွားခဲ့သည်။ထိုအခါမှ ဓန အာဏာအားဖက်ကာ

"ညို့အား သူအဆင်ပြေတယ်တဲ့ "

"ငါပြောသားပဲ ကိုညို့အားက သန်မာပါတယ်လို့ ဓနရဲ့"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now