Ep-36

468 18 0
                                    

          အတ္တ...လွန်ဆွဲ

ဓန မနက်နိုးလာသည့်နှင့် လေ့ကျင့်ခန်းလုပ်နေသည်။ လေ့ကျင့်ခန်းလုပ်ပီးတော့ ချွေးများထွက်နေတာကြောင့် ရေချိုးခန်းထဲဝင်ကာရေးချိုးလိုက်ပီး အဝတ်စားလဲကာ မနက်စာစားရန်အောက်ဆင်းလာလိုက်သည်။

"ညို့အား"

ဘယ်ချိန်ထဲကရောက်နေမှန်းမသိတဲ့ညို့အားက သူအားသေနတ်ဖြင့်ချိန်ထားကာ မျက်နှာထက် မာကျောနေလျက် မျက်ဝန်းတို့ကလဲ အေးစက်နေကာ ရေပြင်ပမာငြိမ်သတ်လို့နေသည်။

"ဘာဖစ်လို့ကိုယ့်ကိုခုလို...."

ဒိုင်း...

ဓနစကားတောင်မဆုံးသေး သူဘေးနားကိုပစ်လိုက်တဲ့ညို့အား ဓနလဲအခြေအနေမဟန်တော့မှန်သိတာကြောင့် ငြိမ်နေလိုက်သည်။အရင်ကရန်ဖစ်ဖူးတယ်ဆိုပင်မဲ့လဲ သေနတ်အားတခါမှမသုံးခဲ့ပါ။ ခုလိုဓနအားချိန်ထားရတဲ့အထိ ညို့အားဒေါသထွက်မယ်လို့လဲ ဓနမထင်ခဲ့ရိုးအမှန်ပင်။

"ငါမင်းကိုဘာပြောခဲ့လဲ"

"ကိုယ့်တို့စကား.."

"ငါဘာပြောခဲ့လဲ!! မာန်ဓနဂုဏ်!"

ဓန ညို့အားကို ကြည့်ရုံသာကြည့်နေလိုက်တော့သည်။ ညို့အားအသံတို့မှာ ဒေါသသံတို့ဖုံးလွှမ်းနေပီး အကြည့်တို့မှာလဲတဖြေးဖြေး ကြောက်မက်ဖွယ်ကောင်းလာသည်။ ထိုအကြည့်များကြောင့်တခြားသူသာဆို ခြေထောက်များပျော့ခွေသွားလောက်ပင်မဲ့ ဓနကတော့မျက်ခုံးတွန့်ကျိုးရုံတင်။

"အဲလောက်တောင် ဒေါသထွက်တာလား ညို့အား"

"ငါညီပျောက်တဲ့ကိစ္စ မင်းပါနေရင်း အသေပဲလို့ငါပြောခဲ့တယ်နော်"

"မင်းကိုယ့်ကိုသတ်မလို့လား "

ဓန ညို့အားရဲ့သေနတ်စီလျှောက်ကာ သေနတ်ထိပ်ဝအား ရင်ဖက်တွင်ထိစေပီး ညို့အားကိုကြည့်နေလိုက်သည်။

"ငါမလုပ်ရဲဘူးထင်နေလား မာန်ဓနဂုဏ်"

"မင်းသာလုပ်ရဲ့ရင် လုပ်လေ ညို့အားပြင်းဆိုတဲ့မင်းက မတွေးဝေးတတ်ပါဘူး ဟုတ်တယ်မလား"

ဓနပြောလိုက်ပီး ညို့အားရဲ့သေနတ်ကိုင်ထားတဲ့လက်အားဆုတ်ကိုင်ကာ အရှေ့ထပ်တိုးလိုက်သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now