အတ္တ...လွန်ဆွဲ
"မောင် စကားပြောကျမလား"
ဓန နဲ့ညို့အား စကားပြောရန် အပြင်ဘက်သို့ထွက်လာပီး အထဲမှာတော့ ညို့ချက်တို့ကျန်နေခဲ့သည်။ စကားပြောဖို့ခေါ်လာခဲ့ပင်မဲ့ တကယ်တမ်းတော့ နှစ်ယောက်လုဲး ဘာစကားမှမပြောကျပဲ ငေးကြောင်နေခဲ့ကျသည်။ သို့သော် ထိုအခြေအနေကို မကြိုက်တဲ့ ဓနက
"ညို့ မောင်ကို မယုံဘူးလား"
"ယုံတယ်"
"အဲတာဆို"
"အင်း မေ့လိုက်ပီး"
"နောက်ခါ ညို့အထင်မမှားအောင်နေပါ့မယ်"
ဓန ညို့ကသူကို ခွင့်လွတ်လိုက်တာကြောင့် အလွန်ကိုပျော်သွားကာ ညို့ရဲ့ခန္ဓကိုယ်အား ပွေ့ဖက်လိုက်သည်။ ထို့နောက်ညို့က ဖက်နေရာကခွာကာ သူရဲ့နဖူးထက်က ဒဏ်ရာအား ခပ်ဖွဖွထိတွေ့လာသည်။
"နာလား"
"မနာပါဘူး "
ညို့ကသူဒဏ်ရာအား ခပ်ဖွဖွပွတ်ပေးနေကာ သူကလဲညို့ရဲ့ခါးလေးအားကိုင်ထားလျက်နဲ့ပင်။ ခုလိုသာ ညို့ကဂရုစိုက်နေမယ်ဆိုရင် ဒီထက်မကတဲ့ဒဏ်ရာတွေရလဲ ဓနအတွက်ကိစ္စမရှိပေ။
⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔
မွေးနေ့ပွဲပီးတော့ လေးယောက်သား ညို့အားအိမ်ကိုသာရောက်နေပီး ဧည့်ခန်း၌ စုဝေးထိုင်နေကာ ညို့ချက်မှစပီး
"မင်းမပြန်သေးဘူးလား ဓန"
"မင်း ငါကို ယောက်ဖလို့ခေါ်သင့်နေပီးနော် ညို့ချက်"
"မင်းအဲနေရာကိုရောက်ပီးလား"
"မကြာခင်ပဲ"
"စောင့်ကြည့်ရသေးတာပေါ့"
ဓန နဲ့ ညို့ချက်တို့ကလဲ ပြိုင််ဆိုင်နေကျပီး ညို့အားနဲ့ အာဏာကတော့ ပွဲကြည့်ပရိတ်သတ်ပင်။ ထိုအခါ ညို့အားမှ
"တော်ကြတော့ မောင်မပြန်ဘူးလား"
"နှင့်ထုတ်တာလား ညို့က"
"မဟုတ်ပါဘူးကွာ နေချင်သပဆိုလဲနေ"
"ညို့နဲ့နေမယ်"
ဓနရဲ့စကားအား ညို့ချက်ကစုပ်သတ်ကာ မျက်စောင်းထိုးပီး အာဏာကိုခေါ်၍ သူအခန်းသူပြန်သွားလေရဲ့။ ညို့ချက်တို့ထွက်သွားတော့ ဓနမှ
![](https://img.wattpad.com/cover/354407720-288-k584089.jpg)