Ep-34

425 26 0
                                    

          အတ္တ...လွန်ဆွဲ

ညို့ချက်တို့အိမ်သို့ပြန်ရောက်လာကာ အကိုက ဝှီးချဲပေါ်ကို ညို့ချက်အားတင်ကာ ညို့ချက်အခန်းထဲကိုလိုက်ပို့ခဲ့သည်။ ဘာဖစ်လို့ခုချက်ချင်းကြီးပြန်လာခဲ့တာကိုညို့ချက်မသိ ။ပြောခွင့်လဲမပေး ဘာကိုမှလဲမပြောပဲသူအားခေါ်လာတဲ့အကိုပင်။ ဒါပင်မဲ့ ဘာဖစ်လို့လဲဆိုတာကိုတော့မေးမှဖစ်မယ်မဟုတ်လား။

"အကို ဘာဖစ်လို့လဲ"

"ဘာကိုလဲ"

"ချက်ချင်းကြီး ပြန်လာတာလေ"

"ဒါငါတို့အိမ် အချိန်တန်အိမ်ပြန်ရမှာပဲ"

"ကျွန်တော် သိပါတယ် ဒါပင်မဲ့ ချက်ချင်းကြီးဆိုတော့ "

ညို့ချက် နားမလည် တခုခုများဖစ်နေတာလား ဒါမှမဟုတ် ဖစ်ခဲ့တာလားဒါကြောင့်ချက်ချင်းပြန်လာတာလား။ မာန်ဓနဂုဏ်ကများ အကိုကိုတခုခုလုပ်ခဲ့တာလား။

"ဟိုတယောက်နဲ့ရန်ဖစ်လို့လား"

"မဖစ်ဘူး မာန်ဓနဂုဏ်နဲ့လဲထပ်ပီးမပတ်သတ်ဘူး"

"အကို ဘာတွေဖစ်ခဲ့တာလဲ ကျွန်တော် နဲ့လူကြီးတို့"

"တော်တော့ ညို့ချက် မင်းဘယ်ချိန်တုန်းက ငါလုပ်တာတွေကို အတွန့်တက်ခဲ့ဘူးလဲ"

"တောင်းပန်ပါတယ် အကို ကျွန်တော် က.."

"ထပ်မပြောနဲ့ ငါမကြားချင်ဘူး"

"ဟုကဲ့"

ညို့ချက် အကိုဖစ်သူရဲ့အအော်ခံချင်ခံလိုက်ရတာကြောင့် ပါးစပ်ပိတ်ကာ အကိုသဘောအတိုင်းနေလိုက်သည်။အကိုကသူအားမချီကာ ကုတင်ပေါ်တင်ပေးပီး အခန်းထဲမှထွက်သွားတော့သည်။ ခုတလောအကိုရဲ့ စိတ်တွေကမတည်ငြိမ်နေသလိုပင် အခုလဲဘာတွေလုပ်ဖို့စဥ်းစားနေလဲကို ညို့ချက်လဲနားမလည်ပေ။ ဘာပဲဖစ်ဖစ် အကို စိတ်တိုင်းကျသာ ညို့ချက်လိုက်လျောမှာပင်။ ဒါကဘယ်ချိန်ဖစ်ဖစ် အရာအားလုံးကို အကိုသဘောကျမို့ ညို့ချက် လက်မခံနိုင်စရာမရှိ။ ခနလောက်ပဲဖစ်ဖစ်မှေးနေရန် ညို့ချက်မျက်လုံးများအားမှိတ်ထားလိုက်သည်။

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့အား ညီဖစ်သူရဲ့အခန်းထဲမှထွက်ကာ သူအခန်းကိုသာပြန်လာခဲ့လိုက်သည်။ မနေတာလပိုင်းပဲရှိပင်မဲ့ ဖုန့်တက်နေတာကြောင့် မနက်ဖြန်မှသန့်ရှင်းရေးခေါ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။ အိပ်ရာအားအနည်းငယ်ခါကာ ဝင်လှဲလိုက်တော့

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now