Ep-9

631 28 1
                                    

          အတ္တ...လွန်ဆွဲ

"ငါနာမည် ညို့အားပြင်း"

မေဝတီ မျက်နှာ ထိန်းမရအောင်ပျက်သွားတော့သည်။ သူမဒီလောက်ထိ မြောင်းတင်မက ပင်လယ်ကြီးပင် ပေးနေသည်ကို ရေမကျလာတဲ့ ညို့အားပြင်းကြောင့် အတော်ပင်ခံပြင်းနေသည်။ သို့သော်လဲ

"ကိုကိုလိုခေါ်တာမကြိုက်ရင် မခေါ်တော့ပါဘူး ဝတီကို စိတ်တော့မဆိုးပါနဲ့နော် "

ညို့အားရဲ့ လက်မောင်းဆွဲကာချွဲနေတော့သည်။ တခြား ယောကျာ်း တွေသာ ထိုအပြုအမူကို သဘောကျပင်မဲ့ သူမအခုချွဲနေတာက ညို့အားပြင်းလေ
ညို့အား သူလက်မောင်းအား ဆွဲထားတဲ့လက်ကို ဖြုတ်ချလိုက်ကာ

"ဘာကိစ္စရှိလိုလဲ"

"ညို့အား နဲ့ နေလယ်စာစားချင်လို့ မနေ့လဲ စ​​ကား
ကောင်းကောင်းမပြောလိုက်ရဘူးလေ "

"မအားဘူး"

"ဝတီကျွေးမှာပါ ညို့အားရဲ့ နော် လိုက်ခဲ့ပါနော်"

"ငါက မင်းကျွေးမှစားရအောင် မွဲနေလို့လား"

"မဟုတ်ဘူး မဟုတ်ဘူး ဝတီပြောတာက အဲလိုမဟုတ်ပါဘူး ဝတီက ညို့အားနဲ့ အတူတူစားချင်ရုံပါ"

"နောက်ဆို အလုပ်ကိစ္စကလွဲရင် မလာနဲ့ မင်းသွားတော့"

"ဝတီနဲ့ နေလည်စာ..."

"သွားတော့!! "

ညို့အားထိုမိန်းကလေးအား စိတ်မရှည်တော့ပါ ထို့ကြောင့် အော်ကာ မောင်းထုတ်လိုက်သည်။
မေဝတီ သူအား မောင်းထုတ်တဲ့သူကြောင့် ဒေါသတို့များထွက်ကာ လက်သီးကိုတင်းတင်းဆုပ်ကိုင်ပီး ရုံးခန်းမှ ဒေါက်ဖိနပ်ကျယ်ကျယ်ဖြင့်ထွက်လာခဲ့တော့ ဝန်ထမ်းအများစုကသူမအား ကြည့်သော်လည်းသူမဂရုမစိုက်နိုင်ပါ ဒီလောက်ထိ အောက်ကျခံ ပြောနေတာတောင် မဂရုစိုက်တဲ့ ညို့အားပြင်းကြောင့် ရှက်စိတ်ရော ဒေါသစိတ်တို့ပါ ပေါင်းပီး မျက်နှာမှာပင် ပေါက်ကွဲထွက်မလို့ပင် ကားပါကင်ကိုရောက်တော့ ကားပေါ်၌ထိုင်ကာ အံကိုကြိတ်လျက်

"ညို့အားပြင်း ရှင် ဒီနေ့ ကျမကို မောင်းထုတ်တဲ့အတွက်ကြောင့် နောင်တရစေရမယ် မေဝတီဆိုတဲ့ ကျမရှေ့မှာ ရှင်ဒူးထောက်စေရမယ် ညို့အားပြင်း"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now