Ep-45

420 21 0
                                    

          အတ္တ...လွန်ဆွဲ

ညို့အား ကားအနားကိုအမြန်ပြန်လာလိုက်ပီး ကျန်တဲ့သူများအားစောင့်နေလိုက်သည်။ သိပ်မကြာ ဓနကညို့အားအနားအပြေးရောက်လာကာ

"ညို့ ဘာဖစ်နေတာလဲ"

"ဘာကိုလဲ"

"ဘာလို့ကိုယ့်ကိုစကားမပြောတာလဲ"

"ခုပြောနေပီးပဲ ဘာဖစ်ချင်တာလဲ "

"ညို့ မောင်အကောင်းပြောနေတာနော်"

"ငါကရွဲ့ပြောနေလို့လား "

ညို့အား ဓနကိုမကြည့်ပဲတခြားတဖက်ကိုသာ မျက်နှာမှုလိုက်သည်။ ထိုအခါဓနကလဲ ညို့အားမျက်နှာမှုရာရှေ့တည့်တည့်ကို ရောက်လာပီး ညို့အားရဲ့လက်အား နှုးညံစွာကိုင်ကာ

"ညို့မောင်တို့ပွင့်ပွင့်လင်းလင်းပြောကြရအောင်"

"ဘာကိုလဲ"

"မောင်တို့က နှုးညံတတ်တဲ့သူတွေမဟုတ်ဘူး အဲတာကြောင်ဖွဲ့နွဲ့ပီးလဲ မပြောနိုင်ကျဘူးလေ အဲလိုဆိုတိုင်း ဒီတိုင်းကြီးနေလို့မှမရတာ"

ဓန အသံတို့အားမမာအောင်ထိန်းကာပြောနေချင်ပင်။ ဓနဘဝ၌ ညို့တစ်ယောက်ထဲကိုသာ ဒီလိုမျိုးပြောဖူးတာကြောင့် အနည်းငယ် တော့နေရခက်ပါသည်။

"ဘာကိစ္စငါဖုန်းကိုမကိုင်တာလဲ"

"မောင်အိပ်ပျော်နေလို့ပါ နောက်မဖစ်စေရဘူး "

"အေး"

"မောင်ညို့ ရယ် ဒါကို အစောထဲကမပြောဘူး "

"မင်းနဲ့စကားကိုမပြောချင်တာ"

"မောင်ညို့ကလဲ"

ဓနလဲ ညို့အားကို လက်အားမလွတ်စတမ်းကိုင်ပီး ဂျေးအားစောင့်နေလိုက်သည်။ ခနအကြာ ဂျေးတစ်ယောက်အပြေးရောက်လာပီး

"တောင်းပန်ပါတယ် ဂိုဏ်းချုပ် စောင့်နေရတဲ့အတွက်"

"မလိုဘူး "

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ဂျေးတစ်ယောက် ကားနောက်ခန်းတံခါးအားဖွင့်ပေးတော့ ညို့အားနဲ့ဓနလဲကားပေါ်တက်ကာ မြို့ထဲသို့ပြန်လာလိုက်သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now