EP-2

1.2K 44 2
                                    

အတ္တ...လွန်ဆွဲ

Mcအသံကလွဲရင် ဘယ်သူအသံမှမကြားရပဲ အားလုံးတိတ်ဆိတ်ငြိမ်သက်ကာ နောက်ဆုံးနံပတ်ကိုသာရင်တထိပ်ထိပ်နဲ့စောင့်စားနေကြသည်။MCလည်းသူမလက်က်ိုလေပေါ်ဝဲလိုက်ပြီး

"3 "

"1B"

"5B"

အပ်ကျသံတောင်မကျရလောက်အောင်တိတ်ဆိတ်နေတဲ့ လေလံပွဲအတွင်း အသံနှစ်ခုပြိုင်တူထွက်လာခဲ့သည်။ ထို့အသံပိုင်ရှင်တွေကတော့ တစ်ယောက်ကိုယ့်တစ်ယောက် အဝေးကနေ မီးဝင်းဝင်းတောက်တဲ့မျက်လုံးများနဲ့စိုက်ကြည့်နေကြသည်။

MCမှ မိုက်စ်ကိုကိုင်ကာ လက်များတုန်ရီနေပီးဇောချွေးများပြန့်လာခဲ့တယ် ထိပ်တန်းနှစ်ယောက်ကြောင့်မို့ သူမထို့နေရာတွင်သာ အငွေ့ပြန်ပျောက်ကွယ်သွားချင်မိသည်။ စိန်လက်စွပ်ရတဲ့သူကို ကြေညာဖို့အတွက်သူမ ကြောက်ဒူးတွေတုန်နေခဲ့သည်။ ထို့နောက်

"စိန်.လက်စွပ်..ကို..ကို"

စကားများထစ်ကာ ကြောက်ရွံနေသော်လဲ သူမအလုပ်သူမလုပ်လုပ်ရမှာပဲလေ လေပူတွေမှုတ်ထုပ်ပီး အသက်ပြင်းပြင်းရှုကာ စိန်လက်စွပ်ကိုရရှိသွားတဲ့သူကိုကြေညာခဲ့လေသည်။

"စိန်လက်စွပ်ကို ရရှိသွားတဲ့သူကတော့ လူကြီးမင်း"

အာလုံးကသူကိုသာကြည့်နေကျပီး တိတ်ဆိတ်ငြိမ်သက်လို့နေကြတယ် အဓိက နှစ်ယောက်အပါအဝင်ပေါ့ တံထွေးတချက်မြိုချကာ မိုက်စ်ကိုကိုင်ရင် ကြေညာလိုက်တော့သည်။

"စိန်လက်စွပ်ကိုတော့ ဘုတ်နံပတ်4 ကိုင်ဆောင်ထားတဲ့ လူကြီးမင်းမှ ပိုင်ဆိုင်ရရှိသွားပါတယ်"

clap...clap...clap.......

MCရဲ့စကားအဆုံးမှာတော့ အားလုံးရဲ့ လက်ခုပ်သံများ ဆူညံသွားသည်။ ညို့အားပြင်းရဲ့မျက်နှာပေါ်မှာတော့မဲ့ပြုံးလေးတစ်ခုတပ်ဆင်ကာ နေပင်မဲ့ တဖက်က မာန်ဓနဂုဏ်မှာတော့ မီးဟိန်းဟိန်းထောက်နေသော မျက်ဝန်းဖြင့် ညို့အားပြင်း အားဒေါသတကြီးစိုက်ကြည့်နေသည်။

ဘေးမှာရှိနေတဲ့ ဂျေးကတော့ ဇောချွေးပြန်ကာ ခြေထောက်ပင် မခိုင်ချင်တော့ပေ။ အကြည့်ခံရတဲ့သူမှာတော့ မဲ့ပြုံးပြုံးကာ

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now