အတ္တ...လွန်ဆွဲ
ညို့ချက်တို့ ဟန်နီးမွန်းကပြန်ရောက်လာပီး ညို့အားအိမ်ကို ပထမဆုံး ဦးတည်စွာရောက်လာကျသည်။ ကားရပ်သည်နှင့် ခြံထဲရှိအလုပ်သမားများက အထုတ်များအားသယ်ပေးတာကြောင့် လူကြီးလက်ကိုသာ ဆွဲပီးအိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်အားလည်ပတ်ကြည့်လိုက်တော့ အကိုအားမတွေ့တာကြောင့် အလုပ်သမားတဦးအား ခေါ်ပီးမေးလိုက်ကာ
"အကိုရော"
"သူဋေးက မနက်အစောကြီး အလုပ်သွားပါတယ်"
"အင်း သွားတော့"
ထိုသို့ပြောပီး ထိုအလုပ်သမားအား သွားခိုင်းလိုက်သည်။ အမှန်ဆို ဒီနေ့ကတနင်္ဂနွေနေ့ပင် အလုပ်ပိတ်ရက်ကို အကိုဘယ်မှာသွားပါလိမ့်ဟု ညို့ချက်စဥ်းစားနေတော့သည်။
"ကလေး "
"ဟမ့်"
"ဘာတွေ စဥ်းစားနေတာလဲ"
"အကိုလေ အလုပ်ပိတ်ရက်ကို အိမ်မှာမရှိဘူး"
"ကလေးငယ်ရယ် ကိုညို့အားက တော်ရုံအလုပ်များတာမှမဟုတ်တာ ဒီလောက်တော့ရှိမှာပေါ့"
"အဲတာကြောင့်ပြောတာ အတူတူနေမယ်ဆိုတာကို ဘာလို့ငြင်းနေမှန်းမသိ အကိုက"
ဒါတွေကြောင့် စိတ်မချချင်ပင် နေ့မအားညမအားအလုပ်လုပ်တတ်တဲ့အကိုကြောင့် တစ်ယောက် ထဲနေဖို့ ညို့ချက် သဘောမကျချင်ပင်။ မဖစ်သေးပါ ဒီလိုသာဆက်သွားရင် အကို လုံးပါးပါးလိမ့်မည်။
"ကလေးငယ်ပင်ပန်းနေပီးလား"
"မပင်ပန်းပါဘူး"
"ကိုယ့် ဓနစီခနသွားမလို့ ကလေးငယ်"
"ကျွန်တော် လဲလိုက်မယ်"
"မနားဘူးလား"
"မနားဘူး သွားမယ်"
အကို ခုတလောဘာတွေလုပ်နေလဲကို ဓနကိုမေးရမည်။ထို့နောက် ညို့ချက်တို့ကားလေး ဓနရဲ့အိမ်ကို ဦးတည်လိုက်ပီး မောင်းထွက်လာခဲ့သည်။ ဓနအိမ်ကိုရောက်တော့ ကားပေါ်ကဆင်းသည့်နှင့် ဓနရဲ့တပည့်များက လူကြီးနဲ့သူအား ခေါင်းငုံအရိုအသေပေးကျကာ