အတ္တ...လွန်ဆွဲ
သံအမတ်ဖစ်သူရဲ့စကားကြောင့် ညို့အားနားမလည်တော့ပေ။ ဒီအတော်အတွင်းအလုပ်များရှုပ်နေတာကြောင့် မေဝတီအားမေ့နေချင်ပင်။ မေဝတီကို ထို့နေ့ထဲကညို့အားမတွေ့ပါ ဇက်အား သေစေခဲ့တဲ့သူကမေဝတီမှန်းသိသော်လည်း ညို့အား သူမအား ခုထိမတွေ့ရသေး။
"အန်ကယ်မှာ ဒီသမီးလေးပဲရှိတာပါ အန်ကယ်တောင်းပန်ပါတယ် ပြန်ပီးလွတ်ပေးပါကွယ်"
"အဲလိုရရိုးလား ဇက်ကလဲ ကျုပ်ညီပဲ ကျုပ်ညီကလဲ အသက်နဲ့ "
"အန်ကယ်တောင်းပန်ပါတယ် အန်ကယ်အမှားပါ သမီးကိုသေချာမသွန်သင်ခဲ့လို့ အန်ကယ်အမှားပါ"
"ခင်များမသုံးမကျတာနဲ့ ကျုပ်ညီကအသက်ပေးသွားရတာ"
"အန်ကယ်တောင်းပန်ပါတယ် မောင်ရင်ဘာလိုချင်လဲ အန်ကယ် .."
"ခင်များအဆင့်ခင်များမသိဘူးလား ကျုပ်ခြေထောက်အောက်ကကောင်ကများ"
"မောင်ရင် ဒီလိုတော့မပြော..."
"နာတာလား ခင်များအဆင့်လောက်နဲ့ ကျုပ်ကိုလာပီး အပေးအယူလုပ်နေတာလား"
"အန်ကယ်သမီးကိုလွတ်ပေး ညို့အားပြင်း"
"ခင်များ ရော ခင်များ သမီးရော သေမင်းစီကို လွတ်ပေးမယ်"
ညို့အား ဆက်မပြောချင်တာကြောင့် ဖုန်းချလိုက်သည်။ သူအဆင့်နဲ့များ ညို့အားနဲ့အပေးအယူလုပ်ချင်နေသေး။ သူအဆင့်သူသိအောင်လုပ်ပေးရမှာပေါ့။ သံအမတ်ပြောသွားတဲ့စကားများအားကြားယောင်လာကာစဥ်းစားခန်းဖွင့်နေမိသည်။ မေဝတီအား ညို့အားတွေ့တောင်မတွေ့ရသေးပါ။ ညို့ချက်လားဆိုတော့လဲ မဟုတ် ညို့ချက်သာဆိုရင် သူသိမှာပေါ့။ ဘယ်သူများပါလိမ့် ထိုနေ့က ညို့အားအတော်ပင်ဆုံးရှုံးခဲ့ကာ ဇက်အပြင် ဂိုဏ်းကလူတွေအများအပြားသေဆုံးသွားတာကြောင့် သတိပြန်ရတာနဲ့ ထိုကိစ္စများကိုသာစီမံနေတာကြောင့် ဘာကိုမှမတွေးနိုင်ခဲ့။ ထိုနောက် ညို့အားခေါင်းထဲအတွေးတခုရောက်လာကာ
"မာန်ဓနဂုဏ် မာန်ဓနဂုဏ် လာစမ်း"
ညို့အားအော်ခေါ်လိုက်တော့အနားကိုရောက်လာတဲ့ ဓန
![](https://img.wattpad.com/cover/354407720-288-k584089.jpg)