Ep-23

548 28 2
                                    

အတ္တ...လွန်ဆွဲ

အာဏာ ကလေးငယ်ကို Killerဂိုဏ်းရဲ့ဒုဂိုဏ်းချုပ်လို့ မထင်ခဲ့ပါ လူငယ်သဘာဝ ဆိုးနေတဲ့ကလေးငယ်လေးလို့သာထင်နေခဲ့မိတာ။

ညို့အား သူညီက ဒုဂိုဏ်းချုပ် ဆိုတာသိသွားတော့ ငြိမ်သွားတဲ့
ထည်အာဏာကြောင့်

"ဘာလဲ မင်းကငါညီဒုဂိုဏ်းချုပ်ဆိုတော့ သဘောမကျဘူးပေါ့" ဟက်"
ငါညီအတွက် မင်းလိုကောင်မလိုဘူး"

"မဟုတ်ဘူး အံဩသွားရုံပဲ ကလေးငယ်ကိုမြတ်နိုးတာက ကလေးငယ်ဖစ်နေလို့ပဲ တခြားမပါဘူး"

ဟုတ်သည် အာဏာ ကလေးငယ်ကိုမြတ်နိုးတာက ကလေးငယ်ဖစ်နေလို့ပဲ တခြားမပါ ကလေးငယ်အကြောင်းကိုတောင်မစုံစမ်းခဲ့ နာမည်လေးတခုထဲသာ သိခွင့်ရသော်လည်း မြတ်နိိုးနေဆဲ ။ယခုဆိုပိုလိုပင် မြတ်နိုးရတာမို့ ကလေးငယ်ကို အာဏာပိုပီးကာကွယ်ရမည်။

"ကလေးငယ်ကိုတသက်စာအတွက် ကာကွယ်ပါမယ်"

"ငါညီငါကာကွယ်နိုင်တယ်"

ဓန ခုချိန်ထိ ညီဖစ်ကိုအထိမခံတဲ့ညို့အားကြောင့် နှာခေါင်းရှုံးမိသည်။သူညီဘယ်သူက တက်လုပ်နေလို့ အကဲပိုနေရတာလဲ အကောင်းမြင်နေတဲ့စိတ်ကိုလာဖျက်နေတဲ့ ညို့အားပြင်း။ သို့သော်လဲ ထိုအကောင်းမြင်တဲ့စိတ်လေးကိုဆွဲဆန့်ကာ

"ကိုယ့်တို့မင်းကိုကူညီမယ် ညို့အား"

"မလိုဘူး"

"ခေါင်းမာမနေနဲ့ ကိုယ့်စုံစမ်းရသလောက်Snakeဂိုဏ်းက တော်ရုံမဟုတ်ဘူး သူတို့ကနည်းလမ်းပေါင်းစုံသုံးတာ ခုမင်းတစ်ယောက်ထဲနော်"

"ငါကဘယ်သူမို့လို့လဲ ညို့အားပြင်းပါ"

"မင်းက လက်နတ်လေးပဲရောင်းဝယ်တာ မင်းခုရင်ဆိုင်ရမှာက မင်းထက်အစမသန်ကြီးတဲ့ဂိုဏ်းကွ မင်းရဲ့ဂိုဏ်း.."

"နေနေ ငါပြောမယ် ဓန"

အာဏာ ဓနရဲ့စိတ်မရှည်တော့တဲ့ပုံကြောင့် သူကပဲကြားထဲဝင်ပြောရတော့သည်။

"စိတ်တော့မရှိနဲ့ ကိုညို့အားပြင်း ကိုညို့အားပြင်း သိမှာပါ ဓနကလဲတော်ရုံမဟုတ်ဘူးဆိုတာ"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now