Ep-41

422 17 0
                                    

          အတ္တ...လွန်ဆွဲ

ညို့ချက် ရေကစားလို့ဝသွားတော့မှ အိမ်ပေါ်ကိုပြန်တက်လာခဲ့သည်။ ရေမိုးချိုးကာအဝတ်အစားများလဲပီး လျှောက်လည်ဖို့ လူကြီးနဲ့အတူတူထွက်လာခဲ့လိုက်သည်။ အကိုက သူအတွက်နဲ့ ဒီကျွန်းမှာဆို ညို့ချက်သဘောကျတဲ့အရာတွေသာ တည်ဆောက်ထားပီး လိုလေးသိပ်မရှိအောင်လုပ်ထားပေးသည်။ လည်ပတ်ကြည့်နေတုန်းဗိုက်အနည်းငယ်ဆာလာတာကြောင့် စားသောက်ဆိုင်တခုကိုသွားလိုက်တော့ ​ဆိုင်ထဲဝင်လိုက်ရုံနဲ့ ဝန်းထမ်းများအသီးသီးရပ်ကာကြိုဆိုနေကျသည်။ ထို့နောက်တူညီသောအသံများဖြင့်

"ကြိုဆိုပါတယ် သူဋေးလေး နဲ့ သူဋေးကတော်"

"ဘယ်လိုခေါ်လိုက်တာ"

"သူဋေးလေးနဲ့ သူဋေးလေးကတော်ပါ"

"မင်းတို့ကိုဘယ်သူခေါ်ခိုင်းတာလဲ"

"သူဋေး..ခေါ်ခိုင်းတာပါ"

ညို့ချက် သူအားသူဋေးလေးလို့ခေါ်ပီး လူကြီးအား သူဋေးကတော်ဟုခေါ်လိုက်တာကြောင့်နားကြားများမှာသလားဟု ထပ်ကာ ပြန်မေးလိုက်ချင်သာ။ အကိုကပြောထားတယ်ဆိုတော့ ဘာမှထပ်မပြောတော့ပဲ လူကြီးမသိအောင်သာရယ်နေလိုက်သည်။ ထို့နောက်ရယ်သံကိုထိန်းကာ

"ထားတော့ "

"ဟုကဲ့ သူဋေးလေး ဒီဘက်ကိုကြွပါ"

"မလိုဘူး"

ညို့ချက် လမ်းညွန်ပြမဲ့ဝန်းထမ်းအားမလိုကြောင်းပြောပီးဆိုင်အတွင်းဝင်လာကာ စားပွဲတခုတွင်ဝင်ထိုင်လိုက်သည်။ ဆိုင်သည်လဲတကယ်ကို ပင်လယ်အငွေ့အသက်ရအောင် ဆောက်လုပ်ထားချင်ပင်။ ပင်လယ်ပစ္စည်းများနဲ့သာ မွန်းမံထားပီး အပြင်အဆင်ကအစ ထိုင်ခုံအဆုံး။ စိတ်ထဲအကိုကိုယ်လေးစားလို့မဆုံးပေ ဒီကမ္ဘာမှာ အကိုကအတော်ဆုံး။ ဟင်းပွဲများလာချတော့ ညို့ချက်တို့စားသောက်ကျရာ လူကြီးရဲ့မျက်နှာကအနည်းငယ်ဆူပုတ်နေသယောင်။ လူကြီးလဲသူနဲ့တွေ့ကထဲက mafiaဆိုတဲ့ ဂုဏ်ပုဒ်ကပျောက်ကွယ်သွားသလိုပင်။

"လူကြီး ဘာဖစ်လို့လဲ"

"ကလေးငယ်အကို မတရားလိုက်တာ ကိုယ့်ကို သူဋေးကတော်တဲ့"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now