Ep-21

532 26 1
                                    

          အတ္တ...လွန်ဆွဲ

ညို့အား ငယ်ငယ်ကထိခိုက်ခဲ့တဲ့ မီးလောင်မှုကြောင့် ထိုဒဏ်ရာကိုဖုံးကာ တက်တူးထိုးခဲ့သည်။ ညို့အား ထိုအကြောင်းပြန်စဥ်းစားမီတော့ မျက်လုံးထဲမျက်ရည်တို့က အိုင်ထွန်းလာကာ ညို့အား မငိုခဲ့သည်က မေမေတို့အား ဆုံးရှုံးပီးကထဲကမငိုတော့ပါ။ ခုပြန်ပီးကလဲ့စားချေရမဲ့အချိန်ပဲ အရင်က သူမိဘနှစ်ပါး ခု သူညီကိုပါထိပါးလာတာကြောင့် ညို့အား သူအသက်ပင်ပေးရပေးရ ကလဲ့စားချေမှာပင်။

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့ချက်အကိုဖစ်သူနဲ့ဇက်ကို အိမ်ပြန်ခိုင်းလိုက်ပီး ထိုသူနဲ့နှစ်ယောက်ထဲရှိနေတာကြောင့် အနည်းငယ်တော့ နေရခက်သည်။ ထိုသူကတော့ ညို့ချက်ကို လိုလေးသိပ်မရှိအောင် ပြုစုနေတာမို့ ရင်ထဲကြည်နှုးမီသည်ကိုတော့ဝန်မခံချင်လဲ ဝန်ခံရတော့မည်။

"ကလေးငယ် လိုချင်တာပြောနော်"

"ခင်များဘယ်အချိန် ခေါ်နေမှာလဲ အဲကလေးငယ်ကို"

"ကလေးငယ်နဲ့လိုက်ဖက်လို့ပေါ့"

"ဘယ်နားက"

"ကလေးငယ်လိုဖြူစင်လို့"

ထို့စကားကြားလိုက်ရချိန် ညို့ချက်ရင်ထဲ အောင့်ကနဲ့ ဖစ်သွားတော့သည်။ ထိုသူသာ ညို့ချက်က mafiaတစ်ယောက်ဆိုတာသာသိခဲ့ရင် ညို့ချက်ကို ခုလိုနွေးထွေး ဂရုစိုက်ပေးနိုင်အုံးပါ့မလား ။

"ဘာတွေတွေးနေတာလဲ ကလေးငယ်ရဲ့"

အာဏာ တွေးတောနေတဲ့ကလေးငယ်အားမေးလိုက်တော့

"မဟုတ်ပါဘူး ဒါနဲ့ ခင်များနာမည်ကို မသိရသေးဘူး"

"ကိုယ့်နာမည်က ထည်အာဏာ"

"ခင်များ နာမည်က ထည်အာဏာ"

"အင်း ဘာဖစ်လို့လဲ"

"ခင်များလို့ပဲ ခင်များ နာမည်က အာဏာဆန်လို့"

ညို့ချက်ပြောလိုက်တော့ ထည်အာဏာဆိုတဲ့သူကပြုံးပြလာတာကြောင့် ညို့ချက်ရင်ထဲ နွေးကနဲ့ဖစ်သွားသည်။ အာဏာဆိုတဲ့သူက နွေးဦးလိုပင် ။

"ကိုယ့်ကို ခင်များလိုမခေါ်ပဲ တခြားဟာခေါ်ပါလား"

"ဘာအတွက်"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now