Ep-42

418 20 0
                                    

          အတ္တ...လွန်ဆွဲ

ညို့အားတစ်ယောက် ညို့ချက်ရဲ့မင်္ဂလာပွဲပီးတာနဲ့ အလုပ်တွေတသီကြီးများနေတော့သည်။ အခုဆိုညို့အားက ကမ္ဘာနဲ့တောင်ယှဥ်နိုင်ပီးဆိုတော့ အလုပ်ကအရင်ကထက်ဆယ်ဆလောက်များနေရသည်။ အလုပ်ပုံထဲခေါင်းနစ်နေကာ နေလည်စာစားချိန်ရောက်တဲ့အထိ ညို့အားအလုပ်လုပ်နေဆဲ။ နေလည်စာကိုတောင်ရုံးခန်းထဲမှာစားရတဲ့အထိပင်။ ညနေရောက်တော့လဲ သူများလိုမပြန်နိုင် ညဘက်ပါအလုပ်များလုပ်နေကာ ရုံးတွင်သူတစ်ယောက်ထဲသာ ကျန်ခဲ့လေသည်။
ဒါပေမယ့်လဲ ညိုအားသာအိမ်ကိုပြန်ခဲ့ရင်လဲဘယ်သူမှ မရှိတာ။ ညို့ချက်ရော ဇက်ရောပေါ့။ တဖြေးဖြေးညတို့ကနက်လာကာ 11ကိုထိုးလုနီးပါးရောက်လို့လာသည်။

ကလင်...ကလင်...ကလင်....

ဖုန်းလာသံ​ကြောင့် အလုပ်ထဲခေါင်းနစ်နေရင် ကိုင်လိုက်တော့

"Hello"

"hello ညို့အားလေး"

ညို့အား သူအားခေါ်လာတဲ့နာမ်စားကြောင့် ဖုန်းနံပါတ်အားကြည့်လိုက်တော့ ဓနဖစ်နေတာကြောင့်

"ဘာကိစ္စရှိလို့လဲ ဓန"

"ကိစ္စရှိမှလား ညို့အားရဲ့"

"ငါအလုပ်များနေတယ် ဓန "

"ခုထိဘာမှ မစားရသေးဘူးမလား"

"မင်း ဘယ်လိုသိ"

တီး...
စကားပင်မဆုံးသေးဖုန်းချသွားတဲ့ ဓန။ နေလည်စာကိုတောင်အနည်းငယ်ပဲစားထားကာ ညအချိန်ကိုတောင်ဘယ်လိုရောက်လို့ရောက်သွားမှန်း မသိတာကြောင့် ညစာ စားဖို့ကအဝေးကြီးပင်။ ဒါကိုသူကဘယ်လိုသိတာပါလိမ့် သူလျှိုများလွတ်ထားလေသည်လား။ညို့အားလဲ ဆက်ပီးစဥ်းစားမနေပဲ အလုပ်ထဲသာ ခေါင်းပြန်နစ်နေလိုက်သည်။

ကျွီး......

ဒီအချိန်ရောက်မှ ဖွင့်ထွက်လာတဲ့တံခါးသံကြောင့်မျက်မှောင်ကြိုတ်ကာ မော့ကြည့်လိုက်ချိန်

"ဓန"

ဓန လက်ထဲတွင်အထုပ်များကိုင်လာကာ ညို့အားအနားကိုလျှောက်လို့လာနေသည်။ ဘယ်လိုလုပ်ရောက်လာတာလဲညို့အားမသိ။ ခုနကလေးတင် ဖုန်းပြောခဲ့တာကို အခု ရောက်လာတာဆိုတော့ အစထဲက ကုမ္ပဏီ အနားရှိနေတာပေါ့။ ဓနကဆိုဖာတွင် သူကိုင်ထားတဲ့အထုပ်များချထားကာ ညို့အားရဲ့စားပွဲအနားကိုရောက်လာပီး ညို့အားတပ်ထားတဲ့ ရွေရောင်မျက်မှန်လေးအား ချွတ်လိုက်သည်။ အလုပ်တွေအရမ်းများတာပီး ကွန်ပျူတာ တွေဆက်တိုက်ကြည့်ရတာကြောင့် မျက်မှန်တပ်ထားချင်သာ။ထို မျက်မှန်အားချွတ်ပေးပီး ဘာစကားမှမပြောပဲလက်ကနေဆွဲခေါ်ကာ ဆိုဖာမှာထိုင်စေသည်။ ထိုနောက်ယူလာတဲ့အထုပ်များအား ဖြည့်ကာ အထဲက ကြက်ကြော်တစ်တုံးအားယူပီး ညို့အားကိုခွံကျွေးသည်။
ညို့အားလဲ ဘာစကားမှမပြောပဲ ဓနကျွေးသည်အတိုင်းစားနေလိုက်သည်။ပီးနောက်

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now