Ep-33

438 23 2
                                    

          အတ္တ...လွန်ဆွဲ

လေပြေလေအေးများတိုက်ခတ်နေပီး ကျေးငှက်သံတို့ကတဆာဆာ သစ်ပင်သစ်ရိပ်တို့က အေးမြလျက် လေတိုက်သံတို့က တေးသွားတစ်ပုဒ်လိုပင်။ ခြံကြီးတခြံထဲတွင် သစ်ပင်များစွာစိမ်းစိုလျက် အလွန်ပင်အေးချမ်းလှကာ ထိုခြံရဲ့အလည်တွင် အဖြူရောင်အုတ်ဂူတခု တည်ရှိလေသည်။ ထိုအုတ်ဂူဖြူဖြူရှေ့တွင် လူလေးယောက်ရပ်နေကာ လက်ထဲတွင်လဲ အဖြူရောင်ကျုးလစ်ပန်းများကိုင်ဆောင်ထားလျက် ထိုလူလေးယောက်ထဲကတစ်ယောက်မှရှေ့ထွက်ကာ ထိုအုတ်ဂူဖြူဖြူရှေ့ ကျူးလစ်အဖြူရောင်လေးအားတင်ပေးလိုက်သည်။

"အေးချမ်းတဲ့ဘဝမှာ ပျော်ရွင်စွာ နေထိုင်ပါ  ဇက်"

ညို့အား ဇက်ရဲ့အုတ်ဂူရှေ့၌ ဝမ်းနည်း တဲ့စိတ်အား ဖုံးကွယ်ကာ ရပ်နေချင်ဖစ်သည်။ ဇက်က ညို့အားတို့ကို ငိုစေချင်မှာမဟုတ်ပေ။ အသက်ရှင်နေတုန်းက မပေးလိုက်ရတဲ့ အေးချမ်းမှုတို့အား အနည်းငယ်လောက်ဖစ်ဖစ်ပေးနိုင်အောင် သဘာဝတရားတို့ပြည့်နက်နေတဲ့ ဒီခြံလေးထဲ ဇက်အား မြုပ်နှံခဲ့ချင်ပင်။ညို့အားလဲစကားတွေအများကြီးမပြောတော့ပဲ အနောက်သာပြန်ဆုတ်နေလိုက်သည်။ထို့နောက်ညို့ချက် ဇက်ရဲ့အုတ်ဂူဖြူဖြူထက် ကျူးလစ်ပန်းတို့အားချပေးကာ

"ဇက် အေးချမ်းတဲ့ဘဝမှာ နေထိုင်ပါစေလို့ ငါဆုတောင်းပေးတယ်နော် မင်းက ပျော်ရွင်မူနဲ့ထိုက်တန်တဲ့သူမို့ ပျော်ရွင်အောင်နေရမယ်နော် ဇက် "

ညိုချက် ဇက်အားစကားတွေအများကြီးပြောချင်ပင်မဲ့လဲ လက်တွေ့မှာတော့ မပြောထွက်ခဲ့ပေ။ ဘယ်လိုပဲဖစ်ဖစ် ဇက် က သာယာအေးချမ်းတဲ့ဘဝမှာ ပြန်လည်မွေးဖွးလာမယ်ဆိုတာကို ညိုချက်ယုံကြည့်သည်။ထို့နောက် ဓန ဇက်ရဲ့ အုတ်ဂူရှေ့ ကျူးလစ်ပန်းများချပေးကာ

"မင်းစိတ်ချပါ ဇက် ငါညို့အားကို စောင့်ရှောက်မှာပါ မင်းအေးအေးဆေးဆေးအနားယူပါ "

ဓန ပြောစရာရှိတာတွေပြောပီး အနောက်ဆုတ်သွားကာ အာဏာက ရှေ့တိုးလာပီး ဇက်အရှေ့ကျူးလစ်ပန်းအားချပေးကာ

"ကလေးငယ်ကို ငါကာကွယ်ပါမယ်.. ဇက် မင်းစိတ်ချပီး အနားယူပါ"

ရာသီဥတုကသာယာသော်လည်း ညို့အားတို့ရဲ့ရင်ထဲမှာတော့ မုန်းတိုင်းထန်နေကာ ရာသီဥတုတို့က ကြမ်းတမ်းနေလျက်။ညို့အား တို့လဲ ဇက်အနား အချိန်အကြာကြီးနေပီးမှာသာ အိမ်က်ိုပြန်လာခဲ့သည်။ အရင်က ထိုနေရာတွင် ညို့အားတို့ အပန်းဖြေအိမ်ဆောက်မယ်လို့ တွေးထားပင်မဲ့ အခုတော့ ဇက်​ရဲ့အေးချမ်းရာနေရာလေ ဖစ်သွားခဲ့ပီး။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now