Ep-25

543 22 1
                                    

          အတ္တ...လွန်ဆွဲ

ဇက် နိုးလာတော့ ခန္ဓာကိုယ် ထက်နာကျင်နေကာ လှုတ်ရှားရန်ခက်ခဲနေသည်မို့မျက်လုံးကိုသာ ဝေ့ဝိုက်လှုတ်ရှားကြည့်လိုက်တော့ ဒါသူအခန်းမဟုတ်ဘူး ဂိုဏ်းချုပ်တို့အခန်းလဲမဟုတ်ပေ ဇက်အခုဘယ်ကိုရောက်နေတာပါလိမ့် ။ပါးစပ်ကပြောဖို့ကြိုးစားသော်လည်းအသံတို့ကမထွက် အာခေါင်တို့ခြောက်နေကာ ရေဆာလို့နေသည်။ ဇက် ဟိုကြည့်ဒီကြည့်လုပ်နေတုန်း

"မင်းနိုးလာပီးလား"

ဇက်ထိုသူအားမြင်ဖူးသော်လည်း စဥ်းစားမရတာကြောင့် ကြောင်အကာကြည့်နေတော့ ထိုသူကအနည်းငယ်ပြုံးပီး

"ငါကိုမမှတ်မိဘူးလား ပဲပင်ပေါက်လေး"

ထိုသူ သန်စင်ခန်းထဲကလူ ဘယ်လို့လုပ်ပီးဒီနေရာကို ဇက်နောက်ဆုံးမှတ်မိသလောက်ဆို ဂိုဏ်းချုပ်က သူအားခေါ်သွားတာပင်။ အခုသူကဘယ်လို့လုပ် ဒီကို။ ခုချိန်ရေအရမ်းဆာနေတာကြောင့် အရင်ဆုံး

"ရေ.."

"ရေဆာလို့လား ခန"

ဂျေးလဲ ရေဆာတယ်ပြောတာကြောင့်ရေခပ်တိုက်ကာ ကုတင်ဘေးနားထိုင်ပီး ရေတိုက်လိုက်သည်။

"အဆင်ပြေပီးလား"

"အင်း ဒီနေရာက"

"ငါအခန်း"

"ဂိုဏ်းချုပ်ရော"

"မင်းဂိုဏ်းချုပ်က ခုနကပဲ အပြင်ထွက်သွားတယ်"

"ဘာ!"

"ဒီလိုကွာ မင်းရဲ့ဂိုဏ်းချုပ်တို့ကအခု ငါဂိုဏ်းချုပ်အိမ်မှာ မင်းရောပေါ့"

"မဖစ်နိုင်တာ"

"ဖစ်နိုင်မဖစ်နိုင် မင်းသက်သာမှပဲသွားမေး ငါအခု လုပ်စရာရှိသေးလို့ မင်းလိုရင် လှမ်းခေါ်လိုက်"

"ခန မင်းက"

"ငါက ဂျေး"

ဂျေးလဲ ထိုင်နေရာက ဂိုဏ်းချုပ်ခိုင်းထားတဲ့ အလုပ်များလုပ်ရန် ဂိုထောင်ဘက်ထွက်လာခဲ့သည်။ ဂျေးဂိုထောင်ကိုရောက်တော့ တခြားသောတပည့်များက

"အကိုကြီး"

"အားလုံးနားထောင် အခု ဂိုဏ်းချုပ်က အမိန့်ပေးလိုက်တယ် ခုချိန်ကစပီး လုံခြုံရေးပိုတိုးပီး ခွေးတကောင်ကြောင်တမြှီးတောင်ဝင်မလာစေနဲ့ ကြားလား"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now