Ep-14

580 26 1
                                    

          အတ္တ...လွန်ဆွဲ

ဓန ဆေးရုံးခေါင်မိုးပေါ်ကဆင်းလာပီး ကားပေါ်တွင်ဝင်ထိုင်လိုက်ကာ ကျန်နေခဲ့တဲ့ညို့အားပြင်းရဲ့ မျက်နှာအားပြန်လည်မြင်ယောင်လာပီး စိတ်ထဲကျေနပ်မီသည်။

"မကြာခင် မင်းငါဆီရောက်လာမှာပါ ညို့အားပြင်း"

ဓနလဲဆေးရုံးမှ အိမ်ကိုပြန်လာခဲ့လိုက်သည်။ အာဏာကလဲ ခုချိန်ပြန်ခေါ်လိုရမည်မဟုတ်တာကြောင့် အနောက်ကနေစောင့်ကြည့်ဖို့ပဲလူတွေလွတ်ထားရသည်။ ဓန အိမ်သို့ပြန်ရောက်ပီး ဧည့်ခန်းထဲ၌ထိုင်နေကာ မကြာခင် ညို့အားပြင်း ရောက်လာမည်တွေးပီး မသိစိတ်ထဲ၌ ပျော်နေမိသည်။ ဓန လဲ ညို့အားပြင်းရဲ့ညီကို ခုလိုလုပ်သွားတဲ့သူအား စိတ်မဝင်စားသော်လည်း အာဏာမှအကူအညီတောင်းတာကြောင့် ဂျေးအားစုံစမ်းခိုင်းလိုက်ကာ သိလာရချင်ပင်။ ခုဆိုတချက်ခုတ် နှစ်ချက်ပြတ်ပင် အာဏာအကူအညီတောင်းတာလဲ အဆင်ပြေ ညို့အားပြင်းကိုလဲ ဆွဲဆောင်နိုင်တာပင်။ ဓန ဂျေးအားလှမ်းခေါ်လိုက်တော့

"ဂိုဏ်းချုပ်"

"ဂျေး မင်းကိုစုံစမ်းခိုင်ကိစ္စ ဘာသက်သေမှမရှိအောင်သေချာလုပ်ခဲ့ အာလုံးငါဆီယူခဲ့ တခုတောင်မကျန်စေနဲ့ "

"ဟုကဲ့ ဂိုဏ်းချုပ်"

ဓန ဂျေးထွက်သွားတော့မှ

"ညို့အားပြင်း... ညို့အားပြင်း...မင်းလည်တယ်ဆိုတာ ငါအိပ်နေသလောက်ပါ"

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့အားတစ်ယောက် ယခုအချိန်ထိ ဆေးရုံခေါင်းမိုးတွင်သာ ရပ်နေလျက် ညို့အား ကျက်သရေတုန်းကောင် က သူညီကိုခုလိုဖစ်အောင်လုပ်သွားတဲ့သူကိုသိနေလိမ့်မယ်ထို့ မထင်ထားခဲ့။ ညို့အားကို ကူညီရအောင်လဲ ကျက်သရေတုန်းကောင် နဲ့က မိတ်ဆွေအဆင့်တောင်မဟုတ်။ ညို့ချက် ကိုခုလိုဖစ်အောင် လုပ်တဲ့သူကိုတကယ်ပဲသိတာလား ဒါမှမဟုတ် ကျက်သရေတုန်းကောင် ကပဲ တဖက်လက်နဲ့လုပ်ခိုင်းတာလား ညို့အားစိတ်ထဲရှုပ်ထွေးနေမိသည်။
ဘယ်လိုပဲဖစ်ဖစ် သူညီကိုခုလိုလုပ်တဲ့ဘယ်သူကိုမဆို ညို့အား ခွင့်လွတ်မည်မဟုတ် ထိုသူသည် ဘယ်သူပဲဖစ်ဖစ်

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now