Ep-22

619 29 0
                                    

          အတ္တ...လွန်ဆွဲ

ဓန မနက်စောစော အလုပ်ရှိတာကြောင့် ဂျေးနဲ့အတူ တပည့်3ယောက်သာခေါ်ပီးမြို့ပြင်ရှိ ဂိုထောင်တခုကိုသွားကာ ထိုနေရာသို့ရောက်တော့
လူတစုထွက်လာပီး ထိုသူထဲက ခေါင်းဆောင်ဖစ်ဟန်ရှိသောသူမှ

"ဂိုဏ်းချုပ်ကြီးထင်တယ် ကိုယ့်တိုင်ရောက်လာပါလား"

ဓန သည်အေးစက်စက်မျက်နှာတို့နှင့် ကြည့်နေတော့ ဘေးနားကဂျေးက

"လျှာမရှည်နဲ့ လိုရင်းသားလုပ်"

"okok ဘာမှာလဲ ပစ္စည်း."

"Give and Take"

ဂျေးပြောလိုက်တော့ ထိုလူတွေထဲကတစ်ယောက်က သေတ္တာတစ်လုံးယူလာကာ ဖွင့်ပြလိုက်တော့

"ငါတို့ပစ္စည်းကမင်းတို့ထက်တောင်တန်းဖိုးကြီးတယ် ဘာမဟုတ်တဲ့ ဒီပိုက်ဆံလေးနဲ့ ရမယ်ထင်နေသလား"

"ဖင်ခေါင်းကျယ်မနေနဲ့ အစတုန်းကတော့ အေးဆေးလုပ်မလို့ပဲ ခုတော့မလိုတော့ဘူး ပစ္စည်းထားခဲ့ အသက်မသေချင်ရင်"

ခေါင်းဆောင်ဖစ်ဟန်ပုံပေါက်တဲ့သူက ခါးကြားထဲကသေနတ်ကိုထုတ်ကာ ဓနတို့ဘက်ကိုဦးတည်လိုက်တော့ သူနောက်ပါးတွေကလဲ အကုန်သေနတ်များထုတ်ကာ ဓနတို့အား ချိန်ထားကြသည်။ သို့သော်ဓနကတော့တုတ်တုတ်ပင်မလှုပ် စိုက်ကြည့်မဲ့စိုက်ကြည့်နေတော့

"မင်းကဘာလဲ အကြောက်လွန်လို့ မတ်တပ်ရပ်သေသွားတာလား"

ထိုခေါင်းဆောင်က ဓနအား လှောင်ပြောင်ကာပြောနေသော်လည်း ဓနမှာမှု မျက်နှာသေတို့ဖြင့် တည်ငြိမ်နေလျက်။ဘေးနားကဂျေးလဲထိုနည်းတူစွာ မျက်နှာတို့ကတည်တံနေတာကြောင့် ထိုလူတစုမှာ ဒေါသများထွက်ကာ ခေါင်းဆောင်ဖစ်သူက ဓနရဲ့ခြေထောက်နားအနီးကိုတချက်ပစ်လိုက်ကာ
ဒိုင်း.....

"ဒါက သေနတ်အစစ်ကွ မသေချင်ရင် ပစ္စည်းထားပီး လစ်"

ဓန ဂိုဏ်းဘက်ကအလုပ်တွေမှာတော်ရုံမပါခဲ့ ဂျေးကိုသာခိုင်းပီး တချို့လူတွေကိုသာ ကိုယ့်တိုင်လုပ်ဆောင်ပင်မဲ့ ဒီနေ့ လာရချင်က ဓနစိတ်တွေအလွန်ရှုပ်နေတာကြောင့် အသစ်အဆန်းဖစ်အောင်ရောက်လာရချင်သာ။ သို့သော် ကလေးကစားသလို့လုပ်ပီးစကားများနေတဲ့ထိုလူတစုကြောင့် ပိုလိုပင် စိတ်ရှုပ်ရသည်။ ဘေးနားကဂျေးအား အချက်ပြလိုက်ကာ ဂိုထောင်ထဲမှထွက်လာပီး ဆေးလိပ်သောက်နေလိုက်သည်။ ဂိုထောင်ထဲဆူညံနေကာ ခနအကြာတိတ်ဆိတ်သွားပီး ဂျေးတို့ပြန်ထွက်လာကာ

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now