Ep-15

563 22 1
                                    

          အတ္တ...လွန်ဆွဲ

"မင်းနာမည်က"

"ညို့ချက်ပြင်း"

နာမည်ပြောကာအခန်းထဲကထွက်သွားတဲ့ကောင်လေး အာဏာ နားထဲ ညို့ချက်ပြင်းဆိုတဲ့ ထိုကောင်လေးရဲ့နာမည်ကို ခနခနပြန်လည်ကြားယောင်နေရသည်။

"ပြုစားလွန်လိုက်တာ ကောင်လေးရာ"

အာဏာ ညို့ချက်ပြင်း ဆိုတဲ့ကောင်းလေးကို ရင်ခုန်မိနေပီးထင်သည်။ ညို့ချက်ပြင်းလေးနဲ့ပက်သတ်ပီး မလုပ်ဖူးတဲ့ အလုပ်တွေရော မပြောဘူးတဲ့စကားတွေရော အမျိုးမျိုး ကို ဖစ်နေပီး အာဏာမပီးသစွာဖစ်နေတော့​သည်။ အခုန်မြန်နေတဲ့ဘယ်ဖက်ရင်အုံအား လက်နဲ့အသာဖိကိုင်ရင်း

"လွယ်လွန်းနေတယ် အာဏာ တွေ့တာမကြာသေးဘူးလေကွာ"

ကိုယ့်ကိုကိုယ့် အရူးတယောက်လို ပြန်ပြောနေမိပြန်တာကလဲ ညို့ချက်ပြင်းလေးကြောင့်ပင်။ စိတ်တို့အားလျော့ချကာ ရေချိုးခန်းထဲဝင်ကာ ရေဝင်ချိုးလိုက်သည်။ ညို့ချက်လေးအကြောင်း ဆက်တွေးနေရင် မကြာခင်အာဏာရဲ့ နှလုံးသားက အပြင်ကိုခုန်ထွက်လာမှာမလို့ ရေပဲချိုးလိုက်တော့သည်။ ရေချိုးပီးလို မနက်စာစားရန် hotel စားသောက်ဆိုင်ကို ရောက်တော့ သူရဲ့ ကလေးငယ်လေးအား တွေ့လိုက်ရသည်။
° ကလေးငယ် °အာဏာ တိတ်တဆိတ်ပေးထားတဲ့ နာမ်စားလေး ကလေးငယ်လေးလို ချစ်ဖို့ကောင်းတဲ့ကောင်​လေးအတွက် သီးသန့်ဖစ်တည်လာတဲ့ နာမ်စားတခု။
အာဏာ ကလေးငယ်ထိုင်နေတဲ့ဝိုင်းအနားသွားကာ

"ကိုယ့်ထိုင်မယ်နော်"

အပြောထက် အလုပ်ကပိုမြန်နေတာကြောင့် ကလေးငယ်ရဲ့ မျက်စောင်းလှလှ ကိုရရှိလိုက်ပီး အာဏာ မပီသစွာ ကလေးငယ်အား သွားပေါ်တဲ့အထိ ပြုံးပြလိုက်သည်။ အာဏာ မရယ်မောရတာ မပြုံးရတာ ကြာလေပီးလေ အမြဲတည်တံနေသော်လည်း ကလေးငယ်ရှေ့ရောက်တဲ့အခါ အလိုလို ပြုံးချင်လာမိသည်။ သို့သော် ကလေးငယ်က သူပြုံး​ပြုလိုက်သော်လဲ သူအားဂရုမစိုက်စွာ မနက်စာကို ဆက်စားနေသည်။ထို့ကြောင့် အာဏာလဲ waiter အား မနက်စာ မှာကာ ကလေးငယ်အားလက်ထောက်ကြည့်နေတော့သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now