Ep-43

409 17 0
                                    

          အတ္တ...လွန်ဆွဲ

ဓနရင်ထဲအနည်းငယ်တင်းကျပ်လာတာကြောင့်လေပူများ မှုတ်ထုတ်လိုက်ပီးဆက်စောင့်နေလိုက်သည်။ ဒါပင်မဲ့ လဲဆက်စောင့်နေတုန်းပင် ညကဖြေး​ဖြေးနက်လာကာ အေးစိမ့်လာသည်။ ဓနစောင့်နေရင်းက ဇီးကွက်သံများက ဓနအားလှောင်ပြောင်နေသည်လား ဒါမှမဟုတ် ဆက်ပီးမစောင့်တော့ဖို့ပြောနေသည်လား။ ပိုးစုန်းကြူးများကလဲ သူအားအိမ်ပြန်လမ်းကိုအလင်းပေးနေသယောင်ပင်။  ဒါပင်မဲ့ ဓနစောင့်နေဆဲပါ ညို့အားကိုစောင့်နေမယ်ဟု သူပြောခဲ့တယ်မလား။ ညနေ3နာရီထဲက ညို့အားလာမည်ကိုကြိုစောင့်နေကာ အခုဆို 8နာရီတောင်ရှိလို့သွားခဲ့ပီးလေ။ လမင်းကြီးကလဲသူအားအဖော်ပြုနေသယောင် ထိန်လင်းနေပင်မဲ့ ဓနလိုအပ်နေတာက ညို့အားတစ်ယောက်ထဲကိုပဲ။

"ဓန"

ဓန နောက်ပါးကသူနာမည်အားခေါ်လိုက်တဲ့အသံလေးကြောင့် နှုတ်ခမ်းထက်အပြုံးများပေါ်လာကာ နောက်သို့လည့်ကြည့်လိုက်ပီး

"ညို့အား"

ညို့အား သူရောက်လာပီး ဓနပြောတယ်မလား ညို့အားကရောက်လာမှာပါလို့လေ ။ထို့နောက်ညို့အားအနားသွားကာ ညို့အားရဲ့ခန္ဓာကိုယ့်အား ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။

"ငါနောက်ကျသွားလို့sorryဓန"

ညို့အား ညနေထဲကလာဖို့ပင် သို့သော် လာခါနီး အရေးကြီးအစည်းအဝေးရောက်လာတာကြောင့် အချိန်မှိမလာနိုင်ခဲ့။အစည်းအဝေးကတခုထဲ မဟုတ်တော့ပိုဆိုးကာ ခုချိန်မှသာရောက်လာရသည်။

"မင်းလာရင်ရပီး"

"ဘာပြောမလို့လဲ ဓန "

ဓန ပြောရမယ်ဆိုတော့ ဘယ်ကနေဘယ်လိုစကားစပြောရမလဲမသိပေ။ ပြောရတာအဆင်ပြေအောင်တော့ လူရှင်းတဲ့နေရာကိုရွေးခေါ်လာကာ ပြောရမဲ့စကားလုံးများရှာမတွေ့။

"ပြောလေ ဘာပြောမလို့လဲ "

"ညို့အား"

"အင်း"

"ငါဖွဲ့နွဲပီးမပြောတတ်ဘူး ညင်ညင်သာသာလဲမဆက်ဆံတတ်ဘူး ဒါကြောင့် ငါပြောတာတွေက နားဝင်ဆိုးရင်ဆိုးနိုင်တယ်"

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now