Ep-18

523 27 1
                                    

အတ္တ...လွန်ဆွဲ

ညို့အား မနေ့ကထဲက အိမ်မပြန်သေးပါ ညို့ချက်အနား တချိန်လုံးနေနေခဲ့သည်။ ထပ်ပီး ညို့ချက်ကို ဘယ်သူမှ ထပ်မထိအောင်သူကာကွယ်ရမယ် ။ ညို့အား သူညီဖစ်သူရဲ့ကုတင်ဘေးတွင်ထိုင်ကာ ညို့ချက်အား ကြည့်နေတုန်း အခန်းထဲကို ဇက်တစ်ယောက်ဝင်လာကာ

"ဂိုဏ်းချုပ် နည်းနည်းလောက်ဖစ်ဖစ်နားလိုက်ပါလား မနေ့ထဲက.."

"မလိုဘူး ငါစုံစမ်းခိုင်းတာဘယ်လိုလဲ သိရပီးလား"

"ကျွန်တော် စုံစမ်းတော့ တခြားတစ်ယောက်က အခင်းဖစ်တဲ့နေရာကအကုန်လုံးယူသွားတယ်လို့ ပြောတယ် ဂိုဏ်းချုပ်"

"ဘယ်ကောင်လဲ"

"မာန်ဓနဂုဏ် လို့ပြောပါတယ်"

ညို့အား သက်ပြင်းချမိလိုက်သည်။ ကျက်သရေတုန်းကောင်က ဘာလို့ထပ်ပါလာရတာလဲ သူနဲ့လဲမဆိုင်ပဲ။ဘေးနားရပ်နေတဲ့ ဇက်အား

"အဲကောင်နဲ့က ဘာဆိုင်နေလို့လဲ"

"ကျွန်တော် ထင်တာကတော့ သူနဲ့မဟုတ်ပဲ ထည်အာဏာဆိုတဲ့သူနဲ့ဆိုင်မယ်ထင်တယ် ဂိုဏ်းချုပ်"

"အဲကောင်က"

"ထည်အာဏာက မာန်ဓနဂုဏ် ရဲ့အချစ်ဆုံးသူငယ်ချင်းပါ ထည်အာဏာနဲ့ bossကတခုခုပတ်သက်နေမယ်ထင်တယ်"

ညို့အားတစ်ယောက် ဘာဆက်လုပ်ရမလဲမသိ အခက်တွေ့နေမိသည်။ တခြားကိစ္စတွေကိုတော့အလွယ်တကူဖြေးရှင်းနိုင်ပင်မဲ့ မိသားစုမှာတော့မဟုတ်ပေ။ သိုသော်သူညီကိုခုလိုလုပ်တဲ့သူကိုတော့ လစ်လျူမရူနိုင် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုတော့ သေချာပေါက်ခံစားစေရမည်။

"ဂိုဏ်းချုပ် ကျွန်တော် မနက်စာဝယ်လာတယ် နည်းနည်းလောက်စားလိုက်ပါအုံး"

"ငါမစားချင်ဘူး ဇက်"

"နည်းနည်းလောက်စားလိုက်ပါ ဂိုဏ်းချုပ် လဲသွားလို့မဖစ်ဘူးမလား"

"ထားထားလိုက် မင်းရောစားပီးပီးလား"

"ခနနေမှ စားမလို့ပါ"

"ခုစားလိုက် ဇက်"

"ဟုကဲ့ ဂိုဏ်းချုပ် "

ဇက်လဲ ဂိုဏ်းချုပ်အတွက် ဖယ်ထားပီး ကျန်တဲ့မနက်စာကိုစားနေလိုက်သည်။ဇက်မနက်စား နေတုန်း တံခါးဖွင့်သံနဲ့အတူ လူတစ်ယောက်ဝင်လာတော့ ဇက်စားနေရင်းကြည့်လိုက်တော့

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now