Ep-12

580 27 0
                                    

          အတ္တ...လွန်ဆွဲ

ညို့ချက်ကားလေး မီးခိုးများ လှိုင်လှိုင်ထွက်ကာ စက်ရပ်သွားတော့သည်။ ညို့ချက်လည်း ရုတ်တရက် သူကားအား လာတိုက်တဲ့ကားကို ရှောင်ချိန်မရလိုက်တာကြောင့် အထိနာသွားတော့သည်။ ကားပေါ်ကဆင်းလာကာ မူးနေတဲ့ခေါင်းအား အသာကိုင်ကာ သူကားကိုကြည့်လိုက်သည်။ နောက်ခြမ်းတခုလုံး စုတ်ပျက်နေပီး မှန်တို့မှာလဲ အကုန်ကြေမွကွဲကုန်ကာ မီးစများတောက်လောင်နေတော့သည်။ သူအကိုပေးထားတဲ့ပထမဆုံးကားလေးမို့ ညို့ချက် အလွန်တန်းဖိုထားကာအထိခိုက်မခံနိုင်သည်အထိပင် အခုတော့ ညို့ချက် တန်းဖိုးထားရတဲ့ကားလေး

"တောက် !!"ဘယ်ခွေးသတောင်းစားလုပ်တာလဲ "

ညို့ချက် ဒေါသများထွက်လာကာ အော်ပြောလိုက်သည်။ ညို့ချက် ခန္ဓာကိုယ်မှာလဲ ဒဏ်ရာများရကာ ထိခိုက်နေသော်လည်း သတိမထားမိပဲ ဒေါသတကြီးအော်ကာပြောနေမိသည်။

"ထွက်လာစမ်း ဘယ်ခွေးမသားလုပ်တာလဲ"

ညို့အား အော်ပြောလိုက်တော့လဲ သူအနားလူတစ်ယောက်မှမရှိ ကားသွားကားလာနည်းသည်နေရာရောက်နေသည်ကိုပင်သတိမထားမိသည်အထိ ဖစ်နေသည်။ ခေါင်းတို့ပိုမူးလာသည် တဖြေးဖြေး သူခေါင်း၌သွေးများစီးကျလာတော့မှ သူခေါင်းထိသွားသည်ကို သိရသည်အဖစ်ပင်။ ခေါင်းထိပီး သွေးများထွက်ကာ မှန်ကွဲစကြောင့် လက်ဖျံတို့မှာလဲ မှန်စများစိုက်နေပီး သွေးများထွက်နေကာ ခြေထောက်တစ်ဖက်မှာလဲ တော့နဲ့တော့နဲ့ဖစ်ကာ လျှောက်နေရသည်။သူတန်ဖို့းထာတဲ့ ကားကပျက်စီးသွား ကာခန္ဓာကိုယ့်၌လဲ ဒဏ်ရာ များရပီး နာကျင်နေသည်။ သူနေရာမှာတခြားသူဆိုသေသွားနိုင်ပင်မဲ့ ညို့ချက်ပြင်းဖစ်နေတာကြောင့် ခုလိုမျိုးသာဖစ်နေကြသည်။

ဘေးဘီကြည့်သော်လည်း မည်သူမှမတွေ့ရ ခေါင်းတို့က မူးနောက်လာတာကြောင့် နောက်ကိုဆုတ်နေမိသည်။ သွေးပူတုန်းမလို မသိပင်အခုတော့ ခန္ဓာကိုယ် တစ်ခုလုံးနာကျင်နေလျက်ရှိသည်။ တဖြေးဖြေးခေါင်းတို့ကပိုမှုးလာတာကြောင့် အမြင်တို့ကလဲဝေးဝါးလာကာ မကြာခင်လဲကျတော့မည်ကိုညို့ချက်သိသည်။ တဖြေးဖြေး ခန္ဓာကိုယ် ကပြိုကျလာကာ မြေကြီးပေါ်ကျမယ်ထင်ပင်မဲ့ ရင်ခွင်တခုက ခံထားပေးကာ ရန်ခွင်ပိုင်ရှင်ရဲ့လက်များက ညို့ချက်ရဲ့ ခန္ဓာကိုယ် အား စုတ်ကိုင်ထားသည်။ ညို့ချက်လဲ လည့်ကြည့်ရန်အပြင် သွေးစတို့က မျက်လုံးထဲရောက်လာတာကြောင့်ဖွင့်မရ။ သို့သော် ထိုရင်ခွင်သည် နွေးထွေးသည် ဘဝ၌ ရခဲ့ဖူးတဲ့ ရင်ခွင်ထဲက အကိုရင်ခွင်အပြင် ထိုသူရဲ့ ရင်ခွင်။ အင်းထိုသူ ထိုသူများလား မျက်လုံးများဖွင့်ကြည့်သော်လည်းမရတာကြောင့်

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now