Ep-29

452 21 0
                                    

          အတ္တ...လွန်ဆွဲ

ရန်လုံ ရုပ်မာကောက်ကျစ်ကာ ညို့အားကိုဓားဖြင့်ထိုးပီး နောက်တကြိမ် ထပ်မံထိုးစိုက်လေသည်။ ထို့နောက် နောက်တခေါက် ထပ်မံထိုးသွင်းလိုက်ချိန် ညို့အားဗိုက်မှသွေးများတလဟောကျလာတော့သည်။ထိုအခါ ညို့အား ရန်လုံရဲ့ဓားကိုင်ထားတဲ့လက်အား ကိုင်ကာလိမ်ချိုးလိုက်ပီး လက်ထဲကဓားအားယူလိုက်သည်။

အား...

ညို့အား ယူထားတဲ့ဓားအား ရန်လုံ ရင်ဘတ်အား ထပ်ခါထပ်ခါထိုးစိုက်ပီး ရန်လုံမှာပြန်လည်ခုခံဖို့တောင်အခွင့်အရေးမရှိခဲ့။ ညို့အားရန်လုံအား အကြိမ်ပေါင်းများစွာထိုးစိုက်ပီး နောက်ဆုံးပိတ်အနေနဲ့ ဗိုက်အားးတဆုံးထိထိုးစိုက်သည်။ ရန်လုံလဲကျသွားတော့ ညို့အားလဲ ရန်လုံမျက်ခွက်အားတချက်ကန်ကာ

"ငရဲကိုသာသွားလိုက် ခွေးမသား"

ညို့အား ဗိုက်ကဒဏ်ရာအား လက်နဲ့ဖိကိုင်ပီး ညို့ချက်အနားရောက်အောင်သွားလိုက်သည်။ ဗိုက်မှသွေးများ အများအပြားထွက်ကာ ချွေးများတသီးသီးကျနေတော့သည်။ ညို့ချက်အနားရောက်အောင်သွားပီး သူညီရဲ့ ခြေထောက်အားချိုးတဲ့ကောင်စီ ပြေးကာ ခုန်တက်လိုက်ပီး
နှလုံးတည်တည်ကို ဓားဖြင့်စိုက်ထိုးလိုက်သည်။သို့သော် ထိုကောင်ကရုန်းကန်းနေကာ ​ညို့အားရဲ့ဗိုက်အားပိတ်ထိုးလိုက်တာကြောင့် ကြမ်းပြင်ပေါ်သို့လှဲကျသွားတော့သည်။ဗိုက်ဒဏ်ရာကိုထိုးလိုက်တာကြောင့် ညို့အား အတော်အတန်မထနိုင်တော့ပေ။ထိုကောင်က နှလုံး၌စိုက်နေသော်ဓားအားပစ်ချကာ သူရဲ့ဒဏ်ရာအားဖိကိုင်လျက်ထွက်သွားခဲ့သည်။
ညို့ချက် လဲကျသွားတဲ့အကိုကြောင့် အနားကိုသွားရန် ထသော်မရ ထို့ကြောင့် တွားသွားပီးအနားကိုသာ ရောက်အောင်သွားလိုက်သည်။

"အကို အကို ရရဲ့လား"

ညို့ချက် အကိုဖစ်သူရဲ့ မျက်နှာက ချွေးထွက်ကာ အနည်းငယ်ငြိုးနေတာကို​မြင်လိုက်ရတာကြောင့်ဒေါသများထွက်လာခဲ့သည်။ ထို့နောက်ကျိုးနေတဲ့ခြေထောက်အား ဂရုမစိုက်ပဲ ထရပ်လိုက်ပီး ထိုရုပ်ဆိုးကောင်အား

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now