Ep-3

990 41 0
                                    

အတ္တ...လွန်ဆွဲ

ညို့အားတို့ အိမ်ရှေ့၌ကားရပ်လိုက်တာနဲ့ ဇက် မှကားပေါ်ကနေ အပြေးအလွားဆင်းကာ ကားနောက်ခန်းတံခါးအား ဖွင့်ပေးလိုက်သည်။ ကားပေါ်က ညို့အား လဲ ​ဒေါသတကြီးဆင်းလာကာ အိမ်ပေါ်သို့ ဒုန်းဆိုင်းတက်သွားလေသည်။
အခန်းရှေ့ရောက်တော့တံခါးအား ဒေါသတကြီးဆွဲဖွင့်၍ ဝုန်း ကနဲ့မြည်အောင်ပြန်ပိတ်ချလိုက်သည်။ထို့နောက် အပေါ်ကုတ်အား ဒေါသတကြီး ချွတ်ကာ ကုတင်ပေါ်ပစ်ပေါက်လိုက်ပီး ခါးထောက်၍ မျက်လုံးမှိတ်ကာ ခေါင်းမော့၍မတ်တပ်ရပ်နေလိုက်သည်။

ခုထိ ညို့အား ဒေါသမပြေသေးပါ။ခုချိန်ထိသူကိုဒီလိုဒေါသထွက်အောင်ဘယ်သူမှမလုပ်ရဲကြချေ။ ဒါအပြင် ဘာမဟုတ်တဲ့ကောင်က သူကိုကြောသွားတာကြောင့် သူလက်မခံနိုင် ။အဲအကြောင်းစဥ်းစားလေ ပိုဒေါသထွက်လေမို့ ရေချိုးခန်းထဲဝင်ကာ ရေအေးအေးဖြင့်ရေချိုးလိုက်တော့သည်။ရေချိုးပီးတာတောင်ဒေါသတို့မပြေသေးတာကြောင့် သဘက်ပတ်ပီး မှန်ရှေ့၌ရပ်ကာ သူကိုယ့်သူကြည့်နေလိုက်သည်။

သူကိုယ့်သူ မှန်၌ကြည့်နေရင်း တံခါးခေါက်သံကြောင့် တံခါးဖွင့်ကြည့်လိုက်တော့ သူရဲ့ညီ ညို့ချက်ပြင်း ဖစ်​နေတာကြောင့် တံခါးဖွင့်ပေးလိုက်သည်။ညို့ချက်က အခန်းထဲဝင်လာပီး သူအိပ်ရာ၌ထိုင်ကာ

"ခုမှရေချိုးပီးတာလား ရေသေချာသုတ်လေအကို လေဖြတ်နေမယ်"

"အေးပါကွာ ရေသုတ်ရင်း မင်းတံခါးခေါက်သံကြားလို့လာဖွင့်ပေးတာ ညည့်နက်နေပီ ဘာကိစ္စရှိလို့လဲ ညို့ချက်"

"အကို လေလံပွဲမှာ အဆင်မပြေဘူးလို့ကြားတယ် ကျွန်တော် ဘာလုပ်ပေးရမလဲ"

ညီဖစ်သူရဲ့စကားကြောင့် တစ်ချက်ပြုံးပီး

"မလိုပါဘူး အကိုဘာသာအကိုကိုင်တွယ်လိုက်မယ်"

ညို့အား စိတ်ထဲ၌ မင်း ငါနဲ့ ထပ်မတွေ့စေနဲ့ မဟုတ်ရင်တော့ ပြန်တွေ့တဲ့နေ့က မင်း​သေရမဲ့နေပဲ ​။
ညို့ချက်လဲ အကိုဖစ်သူအားစိုက်ကြည့်​​ နေမိသည်။ သူရဲ့အကိုကဘယ်သူကိုမှ အလျော့မပေးခဲ့ လာကြောဖို့မပြောနဲ့ မျက်လုံးနဲ့စိုက်ကြည့်ရင်တောင် ​​စိုက်ကြည့်သူအတွက်ကတော့ သေလမ်းပဲ ဒါကြောင့်အကိုဖစ်သူကိုမယုံသင်္ကါ ကြည့်နေမိသည်။သူကြည့်နေတော့

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now