Ep-17

535 19 0
                                    

          အတ္တ...လွန်ဆွဲ

"!!!ညို့ချက်ပြင်း!!!"

အာဏာ ကလေးငယ်ရဲ့ နာမည်အားဒေါသတကြီးအော်ခေါ်လိုက်တော့ clubရှိလူများအားလုံးရဲ့အကြည့်က အာဏာအပေါ်စုပုံလာပီး ကလေးငယ်ကတော့ အာဏာအားမကြည်ခဲ့။ ကလေးငယ်သည် သူမဟုတ်တဲ့တခြားတစ်ယောက်အား ရင်ခွင်ထဲထည့်ကာ အရက်သောက်နေသည်တဲ့ အာဏာရင်တွေကွဲပါဘိရဲ့။ ကလေးငယ် စိတ်ထဲရှိရာကြိုက်သလိုလုပ်ခွင့်ရှိပါသည် သို့သော် လက်လွတ်စဖွယ် ကလေးငယ်ရဲ့ ခန္ဓာကိုယ်အား ထိတွေ့ခွင့်ပေးသည်ကို အာဏာခွင့်မပြု ။ ကလေးငယ်ရှိရာနေရာကို ဒေါသတကြီးလျှောက်ကာ ကလေးငယ်လက်အားဆွဲပီး clubအပြင်ထွက်ရန်အပြင်

"ဟေ့ကောင် မင်းစောက်လက် လွတ်စမ်း"

အာဏာ ကလေးငယ်စကားအားမကြားချင်ယောင်ဆောင်လိုက်သည်။

"Daddy လက်ကိုလွတ်လိုက်"

အာဏာ ကိုင်ထားတဲ့လက်အားကိုင်ကာ ဆွဲဖယ်နေတဲ့ ထိုမိန်းမအား
ဖြန်း....
အာဏာ လာတားနေတဲ့ မိန်းမအား ပါးရိုက်လိုက်တော့ လဲကျသွားပီးအာဏာအား အံဩစွာကြည့်နေသည်။

"မင်းအဆင့်မင်းသိစမ်း "

အာဏာလဲ ထိုသို့ပြောကာ ကလေးငယ်အားဆွဲပီး ထွက်ဖို့ပြင်နေပင်မဲ့ ကလေးငယ်က အတင်းရုန်းနေတာကြောင့် ကလေးငယ်ရဲ့လက်ကိုလွတ်ကာ ခန္ဓာကိုယ့် ကိုသာ ဆွဲမြှောက်ပီး ပခုံးပေါ်တင်ကာ ထွက်လာလိုက်သည်။

"ချစမ်း လိုးမသား မင်းအခုချက်ချင်း အောက်ချစမ်း"

အာဏာclubအပြင်ဘက်ကိုရောက်တော့ ကလေးငယ်အားပခုံးပေါ်မှ အောက်သိုချပေးလိုက်သည့်တပြိုင်နက် အထိုးခံရသည်။ ခွပ်....

"မင်းကိုယ်မင်းဘာကောင်ထင်နေလဲ"

အာဏာဘာမှပြန်မပြောပေ အာဏာခုချိန်မှာဒေါသတို့အတော်ပင်ထွက်နေတာကြောင့် မနည်းပင်ပြန်ထိန်းနေရသည်။ ဒေါသများထိန်းကာ လေသံမမာရန် သတိထားပီး

"ကားပေါ်တက်"

"မင်း$ဆင့်မင်းသိ ငါကိုအာဏာလာမပြနဲ့"

ကလေးငယ်သည် ထို့သို့ပြောကာ clubထဲပြန်ဝင်ရန်ပြင်နေတာကြောင့် အာဏာ ကလေးငယ်အား ပွေ့ချီကာ ကားထဲထည့်တော့ ကားထဲအရောက် အာဏာရဲ့ ဂွကြားအားကန်ကာ ပြန်ထွက်သွားလေသည်။အာဏာတစ်ယောက် ခုန်စွခုန်စွ လုပ်ကာ ကလေးငယ်နောက်လိုက်ရန် အလည့် အာဏာခြေလမ်းများရပ်ကုန်ကာ မျက်လုံးတို့ထက် လူသတ်ရန်အငွေ့အသက်များ ဖုံးလွမ်းကုန်တော့သည်။ ကလေးငယ်သည် ခုနက မိန်းမလား ရင်ခွင်ထဲထည့်ကာ အာဏာကိုမထိမဲ့မြင်ကြည့်ပီး ထိုမိန်းမ မှာလဲ ကလေးငယ်ရဲ့ ရင်ဖက်အား ပွတ်သတ်နေသည် ကသတ်ပစ်ချင်စဖွယ်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now