Ep-39

417 27 1
                                    

          အတ္တ...လွန်ဆွဲ

"ငယ်လေး ဒါကမင်းရဲ့ခဲအိုလေ ချောတယ်မလား"

ညမဖစ်သူရဲ့အုတ်ဂူအားကြည့်ကာ အာဏာပြောလိုက်ချင်ဖစ်သည်။ ထို့နောက် မေ့နေတဲ့အခါတခုအား သတိရလာကာ

"အား မေ့သွားတယ် အမေတို့အတွက်ဘာမှယူမလာခဲ့ရဘူး... ခနနော်"

အာဏာ ဒီကိုလာတိုင်းတခုမဟုတ်တခုတော့အမြဲယူလာခဲ့သည်။ အခုယူမလာမိတာကြောင့် ဘေးနားကပန်းတချို့အားယူကာ ပန်းစီးတဖွယ်ပြုလုပ်ပီး အုတ်ဂူသုံးခုရှေ့တွင်ချထားလိုက်သည်။ပီးနောက်

"တောင်းပန်ပါတယ် မေ့သွားတဲ့အတွက် လက်ဆောင်အတွက်ရော.......အမေတို့မျှော်လင့်ထားသလို ဖစ်မလားနိုင်ခဲ့တဲ့အတွက်ရော"

အမေတို့ကသူအားဆရာဝန်သိပ်ဖစ်စေချင်ခဲ့တာ။ လူတွေကယ်တင်စေချင်ခဲ့ပင်မဲ့ အာဏာကတော့ဆန့်ကျင်ဘက်တွေကိုပဲရွေးလုပ်ခဲ့မိတာ။ဒါပင်မဲ့ နောင်တရလားဆိုတော့အာဏာမရပါ သူအမေတို့အတွက်ပြန်ပီးလက်တုံပြန်နိုင်ခဲ့တယ်လေ။

"နောင်ဘဝကျမှ ကျွန်တော် အမေတို့ဖစ်ချင်တဲ့ဆရာဝန်ဖစ်အောင်လုပ်ပါမယ် ဒီဘဝတော့..ဒီကသားမိုက်ကိုခွင့်လွတ်ပေးပါနော်.."

"လူကြီး"

ကလေးငယ်ရဲ့ခေါ်သံကြောင့် အာဏာလှည့်ကြည့်လိုက်တော့ လက်အားဆန့်ကာ ရင်ခွင်ဖွင့်ပီးကြိုဆိုနေတဲ့ကလေးငယ်ကြောင့် အာဏာလဲပြုံးကာ ထိုရင်ခွင်လေးထဲအားတိုးဝင်လိုက်သည်။ ခနအကြာ ရင်ခွင်လေးထဲကထွက်ကာ

"ကလေးငယ် ကိုယ့်ကို မင်းရဲ့အနားမှာသေတဲ့အထိရှိနေခွင့်ပေးပါ"

အာဏာ အိပ်ကပ်ထဲက လက်စွပ်ဘူးအားထုတ်ကာ ကလေးငယ်ရှေ့ဒူးထောက်လျက် တောင်းဆိုလိုက်သည်။ ကလေးငယ်ကလဲပြုံးပြလာပီး

"လူကြီးသာ ကျွန်တော် အနားကထွက်သွားရင် ဘာနေရာရောက်ရောက်လိုက်သတ်မှာ"

ကလေးငယ်ရဲ့စကားကြောင့် အနည်းငယ်ပြုံးလိုက်ပီး ကလေးငယ်ရဲ့လက်တကြွယ်အား လက်စွပ်လေးစွပ်ပေးလိုက်ကာ ကလေးငယ်ရဲ့နဖူးအားခပ်ဖွဖွအနမ်းခြွေလိုက်သည်။ထို့နောက်

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now