Ep-47

433 22 0
                                    

          အတ္တ...လွန်ဆွဲ

ဓန တစ်ယောက် ညို့ရဲ့အိမ်ရှေ့တွင် ကားရပ်ပီး ညို့မထွက်မလာမချင်းရပ်နေခဲ့သည်။ထို့နေ့ကစပီး ညို့ကသူအားလုံးလုံးပင် အဆက်အသွယ်ဖြတ်ထားခဲ့သည်။ ဖုန်းလဲခေါ်မရ လူချင်းလဲမတွေ့ရနဲ့ အာဏာတို့ကိုအကူအညီတောင်းသော်လည်း ညို့ချက်က သူအားသတ်မယ်တကဲကဲလုပ်နေတာကြောင့် အာဏာကပင် မနည်းတားနေရတာမို့ မကူညီနိုင်ပေ။

တကယ်ကို ဓန နဲ့အဲမိန်းမက ဘာမှပင်မပတ်သတ်ပါ။ ဓန ကအလုပ်အတော့အများကို ဂျေးတို့နဲ့တခြားတပည့်များကိုသာ ခိုင်းစေပီး တချို့အမြင့်ပိုင်းတွေကိုသာ တွေ့ဆုံရောင်းဝယ်လေ့သာရှိပါသည်။ အဲနေ့ ထိုမိန်းမက ဓန နဲ့ရောင်းဝယ်တဲ့လူအနည်းငယ်ထဲက သူတစ်ယောက်ရဲ့သမီးတစ်ယောက်သာ ။ အဲနေ့ကမှစတွေ့တာဖစ်ပီး ညို့ကမြင်သွားတာပင်။ အစထဲက မိန်းမတွေနဲ့သိပ်အလုပ်မလုပ်သော်လည်း အခုညို့ရှိနေတာကြောင့် ပိုလို့ပင်ဝေးဝေးရှောင်ပါသည်။ စတွေ့ထဲက ထိုမိန်းမရဲ့အကြည့်တို့ကမရိုးရှင်းမှန်းသိသော်လည်း နောက်ဆို ဂျေးနဲ့သာလွှဲမယ်လို့တွေးထားတာမို့။ထိုမိန်းမနဲ့ အရောင်းအဝယ်အကြောင်းစကားပြောနေတုန်း ရုတ်တရက် တံခါးမှ ကျယ်လောင်တဲ့အသံကြောင့်ထကာကြည့်မယ်အလုပ် ထိုမိန်းမကကြောက်လန့်သလိုမျိုးနဲ့ သူအားအတင်းဖက်လာတာကြောင့် တွန်းထုတ်မလို့ပြင်လိုက်စဥ် ​ညို့ကဝင်လာပီးမြင်သွားချင်ဖစ်သည်။

ဓန ရှင်းပြချင်သော်လည်း ရှင်းပြခံရမဲ့သူအား အရိပ်အယောင်တောင်မတွေ့ရတာမို့ အခက်တွေ့နေလေသည်။ဓနသူစိတ်နဲ့သာ ဇွတ်ဝင်သွားလိုက်ရင် ပြဿနာတက်ကာ ညို့ချက်ကသူအားတခုခုလုပ်မှာအသေအချာပင်။ကြောက်လာဆိုတော့ကြောက်ပါသည် ညို့ချက်ကိုတော့မဟုတ်ပင်မဲ့ ညို့က သူညီကိုထိရင် ငြိမ်ခံနေမဲ့သူမဟုတ်တော့ ပိုပီးပြဿနာဖစ်မှာကို။ ဓန ဒီတိုင်းသာနေရင် ညို့ကထွက်မလာတဲ့အပြင် တသက်ပင်ကြာသွားမှာမို့ ကြံရာမရတဲ့အဆုံး

"ညို့!မောင်ရှင်းပြပါရစေ!"

ဓန ရဲ့အသံက ယောကျာ်း ပီသံကာအနည်းငယ် ဩတာကြောင့် တမျိုးပင်ဆွဲဆောင်နေသေးသည်။ အခုလဲ ညို့ကို အသံအကျယ်ကြီးနဲ့အော်ခေါ်နေတာပင်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now