Ep-38

449 20 0
                                    

          အတ္တ...လွန်ဆွဲ

ညို့ချက်နဲ့ ညို့အား သူတို့အိမ်ကိုသာသူတို့ပြန်နေကြသည်။ အာဏာနဲ့ဓနပြောသော်လည်း မင်္ဂလာမဆောင်ရချင် တအိမ်ထဲမနေရဘူးဆိုတဲ့ ညို့အားရဲ့အမိန့်ကြောင့် ဘယ်သူမှဘာမှထပ်ပီးမပြောရဲ။ ဒါပင်မယ့် အာဏာတစ်ယောက် အလုပ်များအားပစ်ကာ ညို့ချက်စီအားချောင်းပေါက်မတတ်လာနေတော့သည်။ ကုမ္မဏီ ကအတွင်းရေမှူးအား လစာ10ဆပေးကာ အလုပ်များလုပ်ခိုင်းပီး သူကတော့ ကလေးငယ်အား တွေ့ချင်တာကြောင့် လာနေရချင်ပင်။

အခုလဲကလေးငယ်က Cakeစားချင်တယ်ဆိုတာကြောင့် အာဏာ Cake ဝယ်ကာသွားပို့နေချင်ဖစ်သည်။ အာဏာ ကားမောင်းနေရင်း ဘေးနားကသူအားလိုက်ပြိုင်မောင်းနေတဲ့ကားအားသတိထားမိသည်။ အရင်ကဆို ထိုကားအား မီးလောင်တိုက်သွင်းပစ်တာဆိုပင်မဲ့ အခုကလေးငယ်ကဗိုက်ဆာနေတာကြောင့် နောက်ကျလို့မဖစ်ဘူးမလား။ တဖြေးဖြေးတစ်စီးထက်များလာတဲ့ကားကြောင့် ကလေးငယ်စီနောက်ကျမှရောက်တော့မယ်ဟု လှမ်းပီးဖုန်းဆက်လိုက်သည်။ ထိုကားများကအာဏာ ကိုလူသူနည်းတဲ့နေရာကို တမင်မရောက်ရောက်အောင်ခေါ်သွားနေသည်ကို သတိထားမိသည်။ လူသူနည်းတဲ့နေရာကိုရောက်တော့ ကားပေါ်မှလူအများဆင်းလာကာ အာဏာကားအရှေ့ရပ်နေကျသည်။

အာဏာလဲ မရှင်းရင် ပိုပီးအချိန်ကြာသွားမှာဆိုးတာကြောင့် ကားပေါ်ကဆင်းလာတော့ ထိုလူအုပ်ထဲကတစ်ယောက်က အာဏာစီပြေးလာပီးလာတိုက်ခိုက်တော့ ထိုသူရဲမျက်နှာတည့်တည့်အား ထိုးချလိုက်တော့ သတိလစ်ကာသွားတော့သည်။ ထိုလူအုပ်ကြီးမှာလဲ အနည်းအနောက်ဆုပ်သွားကာ ရှိန်သွားကျသည်။ လဲကျနေတဲ့ သူရဲ့ကျောပြင်အားနင်းကာ ထိုလူအုပ်စီကိုလာလိုက်သည်။ အာဏာထိုလူအုပ်ရဲ့အရှေ့ဆုံးကလူအား ခြေထောက်ဖြင့်ဆောင့်ကန်လိုက်တော့ သူအနောက်ကလူများအပေါ်ပိကာ လှဲကျသွားသည်။ အာဏာစီလာကာထိုးတော့ ရှောင်လိုက်ပီး လက်သီးတစ်လုံးပစ်ကျွေးလိုက်ရသည်။

အာဏာ ခနလေးအတွင် ထိုလူအုပ်အားအလဲထိုးကာ သတိမရှိတော့သူတွေအားကြည်ပီးစိတ်ပျက်မိသည်။ဘာအရည်အချင်းမှလဲမရှိပဲ လူများရုံသာ အာဏာကိုလာပီး စိန်ခေါ်နေကာ 1 မိနစ်တောင်မကြာ အကုန်လှဲကျကုန်သည်။ အာဏာ ထိုလူအုပ်အား ကျောခိုင်းကာ ကားစီထွက်လာခဲ့သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now