Ep-11

604 26 3
                                    

          အတ္တ...လွန်ဆွဲ

ဓန နဲ့ ညို့အား အကြည့်ခြင်းပြိုင်ကာ သတ်ဖြတ်တော့မဲ့ သားရဲကောင်တွေလို အချင်းချင်းကြည့်နေကြပီး ထို့နောက်ဓန မှ

ပြွတ်...

ဓန  နမ်းလိုက်တော့ ညို့အားပြင်းရဲ့မျက်လုံးတို့ကယခင်ထက်ပိုပီးပြူးကျယ်လာကာ ဓနအား မယုံသင်္ကာ ကြည့်ကာကြောင်အနေသည်။ ဓန ကြောင်အနေတဲ့ ညို့အားပြင်းရဲ့ အနားကပ်ကာ နှစ်ကိုကြားရုံမှသာ

"ချိုတယ် ဘယ်ချိန်နမ်းနမ်း"

ညို့အား ထို့အချိန်သတိပြန်ဝင်လာကာ ကျက်သရေတုန်းကောင်းအားဆောင့်တွန်းလိုက်သည်။ နှုတ်ခမ်းအား အကြမ်းပတမ်းသုတ်ကာ ဒေါသတကြီးဖြင့် ဓနအား

"မင်းရူးနေတာလား မာန်ဓနဂုဏ်"

"ဘာဖစ်လို့လဲ ချိုလိုချိုတယ်ပြောတာ နောက်တခေါက်လား"

"မင်း..မင်း.."တောက်" ဖယ်စမ်း"

ညို့အား ဒေါသစိတ်ရော ရှက်စိတ်တို့တိုးလာကာ ထို့နေရာမှလျင်မြန်စွာ ထွက်ပြေးလာခဲ့သည်။ထိုနေရာတွင် ကြာကြာနေပါက ညို့အား ဘာဆက်လုပ်မည်ကိုသိတော့မှာမဟုတ်တာကြောင့်ပင်

ဓန ပြေးထွက်သွားတဲ့သူကြောင့် ကျေနပ်မှုတို့အပြည့်ပဝကိုပင်ရရှိလိုက်ကာ ဓန ဆီမှာ ညို့အားပြင်းကို ထိုး တာထက်ပိုကောင်းတဲ့ ထိုးနှက်ချက်ရှိနေတာ မသိသေးတဲ့ပုံပဲ ဟက် ပွဲစပီးလေ။
ဓန သူရဲ့ရန်သူတော် ကိုနှစ်ခါမြှောက်နမ်းလိုက်ခြင်းသာ ပထမ တခါက မတော်တဆပင်မဲ့ အခုကတော့ တိုက်စစ်အနေနဲ့ပေါ့။ ဓနနမ်းလိုက်တော့ သူအားအံဩစွာကြည့်နေတဲ့ ညို့အားကြောင့် ဓန ရင်ထဲလှိုင်းကနဲ့ဖစ်သွားသည်ကိုတော့ ဝန်မခံချင်လဲ ဝန်ခံရမှာပေ။မကြာခင်ပွဲကပိုကောင်းတော့မှာ

"ကစားပွဲက အခုမှစတာ ညို့အားပြင်းရဲ့"

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့အား တစ်ယောက် ရှက်ရှက်နဲ့ထွက်ပြေးလာခဲ့သည်။ သူဘဝ၌အရှက်ရတာဆိုလို မာန်ဓနဂုဏ်ကြောင့်ပင်။ နှုတ်ခမ်းလက်နဲ့ပွတ်ကာ ကားနားသို့လျှောက်လာခဲ့သည်။ ကားသော့က ဇက်ဆီမှာရှိတာကြောင့် ဇက်အား ဖုန်းဆက်ကာ ခေါ်လိုက်သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now