Ep-10

691 31 1
                                    

အတ္တ...လွန်ဆွဲ

"ဟင် ကိုကြီးက..."

"ငါက...ညို့အားပြင်း"

ညို့အားပြင်း ဆိုတဲ့သူက သူဘဝကို အလင်းရောင်းပေးတဲ့ ကယ်တင်ရှင် တစ်ဦးဖစ်ခဲ့သည်။ထိုသူ သည် သူအား နေစရာ စားစရာ ပေးပီးလိုလေသိပ်မရှိအောင်ထားသည်။ အနိုမ့်ခံဘဝကနေ ဇက်ဆိုတဲ့ ဘဝအသစ်ပေးခဲ့တဲ့သူလဲဟုသည်။ ထို့ကြောင့် ဇက်သည် ဂိုဏ်းချုပ် တို့ညီအကိုအပေါ် အသက်စွန့်ရရင်တောင် သစ္စာရှိမယ်လို ကျိန်ဆိုထားသည်။ဒီ့နေ့မှာတော့ ဂိုဏ်းချုပ် ရဲ့ ညီတစ်ယောက်ဆိုတဲ့စကားက သူလို မိသားစု​မေတ္တာလိုအပ်နေသူအတွက် ဘုရားပေးတဲ့ဆုလပ်တခုပင်။ ဇက်လဲ သူဘဝအကြောင်း သူ ပြန်တွေးရင် ဝမ်းနည်းမိသလို ဂိုဏ်းချုပ် တို့နဲ့တွေ့ဆုံခွင့်ရတာကိုလဲ ပျော်ရွင်မိသည်။

⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔

ညို့ချက် ထမင်းစားပီးတာနဲ့ ကိုယ့်အခန်းထဲကိုယ့်ဝင်လာလိုက်သည်။ ညို့ချက်အခန်းထဲရောက်သည်နှင့် မျက်နှာထက်တို့မှာ တည်တံသွားသည်။ အကို ရိပ်မိမှာစိုးတာကြောင့် ရယ်မောနေပင်မဲ့ ညို့ချက် ရင်ထဲ၌လေးလံကာ ထိုင်းမှိုင်းနေသည်။ ဟင်း..သက်ပြင်းချကာ အိပ်ရာပေါ်သို့ လှဲချကာ ခနလောက်အနားပေးရန် မှေးလိုက်သည်။ ညို့ချက် မျက်လုံးတွေမှိတ်ထားသော်လည်း ထိုသူရဲ့ပုံရိပ်တို့က မျက်လုံးပေါ်လာခဲ့သည်။အင်း ထိုသူ နာမည်တောင်မသိလိုက်ပဲ ညို့ချက် ဘဝထဲဝင်လာခဲ့တဲ့သူ ဆွဲထားခဲ့ပင်မဲ့ ထွက်သွားခဲ့သူက မိမိ ဖြစ်နေတာကြောင့် ခံစားချက်တို့က မနေထိမထိုင်သာ။ ဘဝတွင် တွေးဝေးမိသည်က ပထမဆုံးပင် ဒါကလဲ အမည်မသိခဲ့ရတဲ့ ထိုသူကြောင့်။
ညို့ချက် ထိုသူ အကြောင်းမတွေးချင်တာကြောင့် စိတ်ပြောင်းအောင် ဖုန်းထုတ်ကာ gameဆော့နေလိုက်သည်။ ဒီနေ့မှgameကလဲဆက်တိုက်ကိုရှုံးနေတော့သည်။

"leeလိုပဲ ဆက်တိုက်ကိုရှုံးနေတာပဲ ကျစ်"

ညို့ချက်လဲ ဆဲဆိုကာ ဖုန်းအား အိပ်ရာပေါ်ကို ပစ်ချပီး ရေချိုးရန် ရေချိုးခန်းထဲဝင်သွားတော့သည်။ ရေချိုးပီးသည်နှင့် ရေသုတ်ကာ ထွက်လာနေစဥ် တောင်....
ဖုန်းမှ massagesအသံကြားလိုက်ရတာကြောင့် ဖုန်းကိုကြည့်လိုက်တော့ အမည်မသိတဲ့ဖုန်းနံပါတ်စိမ်းတခု အမည်ဆိုမှ ထိုသူ တွေးမိပြန်သည်။

 အတ္တ...လွန်ဆွဲ ( Completed )Where stories live. Discover now